ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၄၉

မင်မင်နဲ့ တခြား သူငယ်ချင်းတို့ကိုအကြံဥာဏ်လေးတောင်းချင်လို့ပါ

အသက်က၂၅ရှိပါပြီ အခုထိမတည်ငြိမ်သေးပါဘူး လူရော စိတ်ရောမရင့်ကျက်သေးပါဘူးရှင်

အချစ်ရေးမှာ singleပါ ဘာလို့လဲဆိုတော့ စိတ်ကစားနေတာလားမသိဘူး

တွေ့တဲ့နယ်ပယ်က ကောင်းလေးကစိတ်ဝင်စားစရာကောင်းရင် crush ပါတယ်

သင်တန်းမှာဆိုလဲသင်တန်းကလူ အိမ်မှာလဲအိမ်နားကလူ ဟိုဟိုဒီဒီနဲ့

ဟိုလူ့ကြိုက်ဒီလူ့ကြိုက်နဲ့ တကယ်အသေအချာကြိုက်လားဆိုတော့လဲမဟုတ်ဘူး ဂနာမငြိမ်ဘူး

ပြီးတော့ မိသားစုမှာ မောင်လေးက အရက်သမား ပုံမှန်ဆိုအေးသလောက် မူးလာရင်အတော်သွေးဆိုးတယ်

အာ့ကျရန်ဖြစ်ရင် ဆယ်အိမ်ကြားကိုးအိမ်ကြားနဲ့ ကြာလာတော့ရှက်လာပါတယ်

ပတ်ဝန်းကျင်ကို စိတ်တွေလဲ ရှုပ်ပါတယ် သူနဲ့ဖက်ပြီးရန်ဆက်ဖြစ်သင့်ပါသလား

ဒါမှမဟုတ်မကြားယောင်ဆောင်ရမလား ဘယ်လိုလုပ်ရမလဲမသိတော့ဘူး

စိတ်တွေညစ် အာ့ကြောင့် အချစ်ရေးရော အခုလိုရောတွေမဖြစ်အောင်ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲရှင့်

ဘယ်လိုစာအုပ်တွေရော ဖတ်သင့်ပါသလဲရှင် လမ်းညွှန်ပေးကြပါရှင်❤

မင္မင္နဲ႔ တျခား သူငယ္ခ်င္းတို႔ကိုအႀကံဥာဏ္ေလးေတာင္းခ်င္လို႔ပါ

အသက္က၂၅ရွိပါၿပီ အခုထိမတည္ၿငိမ္ေသးပါဘူး လူေရာ စိတ္ေရာမရင့္က်က္ေသးပါဘူးရွင္

အခ်စ္ေရးမွာ singleပါ ဘာလို႔လဲဆိုေတာ့ စိတ္ကစားေနတာလားမသိဘူး

ေတြ႕တဲ့နယ္ပယ္က ေကာင္းေလးကစိတ္ဝင္စားစရာေကာင္းရင္ crush ပါတယ္

သင္တန္းမွာဆိုလဲသင္တန္းကလူ အိမ္မွာလဲအိမ္နားကလူ ဟိုဟိုဒီဒီနဲ႔

ဟိုလူ႔ႀကိဳက္ဒီလူ႔ႀကိဳက္နဲ႔ တကယ္အေသအခ်ာႀကိဳက္လားဆိုေတာ့လဲမဟုတ္ဘူး ဂနာမၿငိမ္ဘူး

ၿပီးေတာ့ မိသားစုမွာ ေမာင္ေလးက အရက္သမား ပုံမွန္ဆိုေအးသေလာက္ မူးလာရင္အေတာ္ေသြးဆိုးတယ္

အာ့က်ရန္ျဖစ္ရင္ ဆယ္အိမ္ၾကားကိုးအိမ္ၾကားနဲ႔ ၾကာလာေတာ့ရွက္လာပါတယ္

ပတ္ဝန္းက်င္ကို စိတ္ေတြလဲ ရႈပ္ပါတယ္ သူနဲ႔ဖက္ၿပီးရန္ဆက္ျဖစ္သင့္ပါသလား

ဒါမွမဟုတ္မၾကားေယာင္ေဆာင္ရမလား ဘယ္လိုလုပ္ရမလဲမသိေတာ့ဘူး

စိတ္ေတြညစ္ အာ့ေၾကာင့္ အခ်စ္ေရးေရာ အခုလိုေရာေတြမျဖစ္ေအာင္ဘယ္လိုျပဳမူေနထိုင္သင့္ပါသလဲရွင့္

ဘယ္လိုစာအုပ္ေတြေရာ ဖတ္သင့္ပါသလဲရွင္ လမ္းၫႊန္ေပးၾကပါရွင္❤