ဒီစာလေးတင်ပေးလို့ရမလား အသိတယောက်ပါ
ယောကျာ်းကအသက်၂၁ပါမိန်းမလုပ်သူက၂၃ မိန်းမ လုပ်သူက အတော်လေးသနားဖို့ကောင်းပါတယ်
သူ့မှာ ၅နှစ်ရွယ်သားလေးနဲ့ ၆လရွယ်သားလေးရှိပါတယ်.
သူယောကျာ်းကဖောက်ပြန်ပါတယ် မိန်းမ ပေါင်းများစွာနဲ့ မိန်းမ လုပ်သူကခွင့်လွတ်ပေးထားပါတယ်
သားလေးမျက်နှာကြည့်ပြီး အခုကျ အရင်ကနဲ့မတူတာပါ
သူ့အခုဖောက်ပြန်နေတာ ဗိုလ်မှူးသမီးတခုလတ်နဲ့ပါ
မိန်းမ လုပ်သူကိုလဲ ဟိုဘက်ကမလာနဲ့နင်လာရင်နင်ယောကျာ်းကို ဖမ်းခိုင်းမယ်ဖောက်ပြန်မှူနဲ့တဲ့
အခုသူတို့ကမဂ်လာဆောင်တော့မယ် မိန်းမ လုပ်သူ့ကသားနှယောက်နဲ့ဘာမှမလုပ်ကိုင်စားတတ်ဘူး
ကလေးမွေးစားမဲ့သူရှိရင်စာချုပ်နဲ့အပြီးပေးချင်ပါတယ်တဲ့
သားလေးကဖြူချောလေးတွေပါ အခုအိမ်ရှင်ကလဲလစာမပေးလို့နှင်ထုတ်နေပါပြီ
အခုသူ့မှာရင်းနှီးစားဖို့ငွေမရှိတာရယ် ကလေးနှယောက်နဲ့ဘာမှလုပ်ကိုင်စားလို့မရတာရယ်
ဘယ်လိုလုပ်ရမလဲစဉ်းစားလို့မရလို့ စဉ်းစားပေးကြပါလား ဘာဆက်လုပ်သင့်လဲ အကြံပြုပေးကြပါ
ယောက္ခမအိမ်ပေါ်တက်နေရအောင်လဲယောက္ခမက မလာခိုင်းပါဘူး….