ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၅၁

ရင်ဖွင့်ချင်လို့ပါရှင့်

ညီမနဲ့ညီမကောင်လေးနဲ့ကချစ်သူသက်တမ်း၅နှစ်နဲ့၈လပြည့်သွားပါပြီ

ချစ်သူသက်တမ်းတစ်လျှောက်လုံးညီမကပဲအရမ်းဆိုးအရမ်းအနိုင်ယူခဲ့တာခုချိန်ထိပါပဲ

အခုကျသူကအဲ့ဒဏ်တေံကိုမခံနိုင်တော့လို့ဆက်မသွားချင်တော့ဘူးလို့ပြောလာပါတယ်

ညီမလဲမပြတ်နိုင်တော့တောင်းပန်ပါတယ်

သူကညီမအပေါ်အရမ်းအလိုလိုက်အရမ်းကောင်းခဲ့ပါတယ်

ညီမဆိုးမှန်းမှားမှန်းလဲသိပါတယ်သူကပြင်ပေးဆိုရင်ပြင်ပေးမယ်လို့ဆုံးဖြတ်ထားပေမဲ့ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘူး

သူ့ကိုမချစ်လို့အနိုင်ယူပြီးဆိုးနေတာလဲမဟုတ်ပါဘူးအရမ်းချစ်လွန်းပြီးလုပ်မိတာပါ

ကိုယ့်ကိုပဲပထမဦးစားပေးဖြစ်နေရမယ်ဆိုပြီးအရမ်းအချစ်ခံချင်လွန်းပြီးလုပ်မိတာပါ

ညီမဘာဆက်လုပ်ရမလဲအကြံဉာဏ်လေးပေးပါအုန်းရှင့်

တောင်းပန်နေတာလဲမရတာကိုဆက်ပြီးတောင်းပန်ရမလားကိုယ့်ဘာသာပဲနေနိုင်အောင်နေလိုက်ရမလားမသိတော့လို့ပါ

နေနိုင်အောင်နေဖို့ကလဲအရမ်းခက်ခဲလို့မနေနိုင်ဘူးအမြဲငိုနေမိတယ်ဘာဆက်လုပ်သင့်လဲ











