ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၅၂

မင်္ဂလာပါရှင့်။ဒီပေ့ချ်လေးကနေ အများကြီးအကြံပေးကြ

ဆွေးနွေးကြတာမြင်ရလို့ တစ်ခုလောက်လေး အကြံဉာဏ်အကူအညီရချင်တာပါရှင့်။

သားသမီးတွေက အကြောင်းကြောင်းကြောင့် အဝေးမှာနေရပြီး

အိမ်နားပတ်ဝန်းကျင် လာနေပြီးကူပေးနိုင်မယ့် ဆွေမျိုးရင်းချာ မရှိတဲ့ မိသားစုအတွက်ပါ။

မိဘတွေက ၆၀ကျော် ရောဂါရယ်လို့မရှိပေမယ့် အရမ်းကြီးလုပ်နိုင်ကိုင်နိုင်အရွယ်လည်း မဟုတ်တော့ပါဘူး။

သားသမီးတွေကလည်း အခြေအနေအရပ်ရပ်ကြောင့် အဝေးကပဲ အမြဲငွေကန်တော့နိုင်တဲ့ အနေအထားပါ။

အတူနေပေးနိုင်မယ့် ဆွေမျိုးလည်းမရှိပါဘူး။

ချိုင့်ဆွဲကအစ အဝတ်ပါမလျှော်ရလေအောင် စီစဉ်ထားပေးပေမယ့်

တစ်ခုခုဆို မိဘတွေက လူငယ်မရှိလို့ အဆင်မပြေဘူးဆို

အမြဲပြောလေ့ရှိတော့ သားသမီးတစ်ယောက်အနေနဲ့ အပြစ်လိုလို တာဝန်မကြေသလို ခံစားနေရသူတစ်ယောက်ပါ။

အမေက အပြင်လူလည်း မယုံတတ်သလို အဖေ့ကိုလည်း အပြင်မလွှတ် သဝန်တိုတတ်သူပါ။

ဘဝတူ မိသားစုတွေများရှိရင် မိဘတွေကို ဘယ်လိုစီစဉ်ပေးကြလည်း ဘယ်လိုဖြေရှင်းကြလည်း သိချင်လို့ပါရှင့်။

မဂၤလာပါရွင့္။ဒီေပ့ခ်္ေလးကေန အမ်ားႀကီးအႀကံေပးၾက

ေဆြးေႏြးၾကတာျမင္ရလို႔ တစ္ခုေလာက္ေလး အႀကံဉာဏ္အကူအညီရခ်င္တာပါရွင့္။

သားသမီးေတြက အေၾကာင္းေၾကာင္းေၾကာင့္ အေဝးမွာေနရၿပီး

အိမ္နားပတ္ဝန္းက်င္ လာေနၿပီးကူေပးႏိုင္မယ့္ ေဆြမ်ိဳးရင္းခ်ာ မရွိတဲ့ မိသားစုအတြက္ပါ။

မိဘေတြက ၆၀ေက်ာ္ ေရာဂါရယ္လို႔မရွိေပမယ့္ အရမ္းႀကီးလုပ္ႏိုင္ကိုင္ႏိုင္အ႐ြယ္လည္း မဟုတ္ေတာ့ပါဘူး။

သားသမီးေတြကလည္း အေျခအေနအရပ္ရပ္ေၾကာင့္ အေဝးကပဲ အၿမဲေငြကန္ေတာ့ႏိုင္တဲ့ အေနအထားပါ။

အတူေနေပးႏိုင္မယ့္ ေဆြမ်ိဳးလည္းမရွိပါဘူး။

ခ်ိဳင့္ဆြဲကအစ အဝတ္ပါမေလွ်ာ္ရေလေအာင္ စီစဥ္ထားေပးေပမယ့္

တစ္ခုခုဆို မိဘေတြက လူငယ္မရွိလို႔ အဆင္မေျပဘူးဆို

အၿမဲေျပာေလ့ရွိေတာ့ သားသမီးတစ္ေယာက္အေနနဲ႔ အျပစ္လိုလို တာဝန္မေၾကသလို ခံစားေနရသူတစ္ေယာက္ပါ။

အေမက အျပင္လူလည္း မယုံတတ္သလို အေဖ့ကိုလည္း အျပင္မလႊတ္ သဝန္တိုတတ္သူပါ။

ဘဝတူ မိသားစုေတြမ်ားရွိရင္ မိဘေတြကို ဘယ္လိုစီစဥ္ေပးၾကလည္း ဘယ္လိုေျဖရွင္းၾကလည္း သိခ်င္လို႔ပါရွင့္။