ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၅၄

ညီမမှာကောင်လေးရှိပါတယ်

ကောင်လေးနဲ့က နောက်လဆို တစ်နှစ်ပြည့်မှာပါ

ကောင်လေးနဲ့က 10လ လုံးလုံး အတူရှိနေတာပါ တမြို့ထဲနေတာပါ

နေ့တိုင်းလိုလိုတွေ့ဖြစ်ပါတယ်

အခု ကောင်လေးက သူ့ဇာတိပြန်တာ 1လခွဲ ရှိပါပီ

သူကလည်း အလုပ်တဖက်နဲ့ဆိုတော့ ဖုန်းက အချိန်ပြည့်မပြောဖြစ်ပါဘူး

တနေ့ကို 3 ခါလောက်ပဲ ပြောဖြစ်တာပါ

ကျန်တဲ့ နှစ်ခါ က 5min လောက်တင်ပါ

ကျန်တစ်ခါကတော့ ညပိုင်းခေါ်တာဆိုတော့ 1 နာရီနီးပါးလောက်ထိပြောရပါတယ်

အခုဖြစ်နေတာက သူဘယ်ချိန်ဖုန်းခေါ်မယ်ပြောပီးမခေါ်ရင် ညီမက စိတ်အရမ်းတိုတယ်

စိတ်ဆိုးပီး သူနဲ့စကားပြောချိန်ကျ ဆက်ကိုမပြောချင်တော့တာပါ

အ့လိုပြသာနာ နေ့တိုင်းနီးပါဖြစ်ဖြစ်နေတာ

ညီမက စိတ်တိုပီး လမ်းခွဲမယ်ပြောပါတယ်

သူ့ဘက်က လုံးဝမခွဲပါဘူး

သူ့ဘက်က အရမ်းကိုသည်းခံရှာပါတယ်

ညီမကိုလည်းအရမ်းချစ်ရှာပါတယ်

အရမ်းကိုအနွံတာခံရှာတာ

ညီမ အ့လိုဖြစ်နေတဲ့စိတ်ကိုမကြိုက်ပါဘူး

သည်းမခံနိုင် ထစ်ခနဲရှိ စိတ်ဆိုးလွယ်တဲ့စိတ်ကိုမကြိုက်ပါဘူး

ပြင်လို့ရမဲ့နည်းလေးတွေပြောပါအုံး



















