ရင်ဖွင့်ချင်လို့ပါရှင့်
အိမ်ထောင်သက် ၈နှစ်လောက်ရှိပါပြီ။ သားလေးတစ်ယောက်ရှိပါတယ်။ အခုမှ ၅နှစ်ကျော်ပဲရှိပါသေးတယ်။
အမျိုးသားက ရန်ဖြစ်တိုင်း လက်ပါပါတယ်။ ပြန်လုပ်လည်းမိန်းမ ဖြစ်လို့ မနိုင်ပါဘူး။
အဲ့လို လက်ပါတာက ကျမ မကောင်းလို့ ။ သူကို ပြောဆိုနေလို့ဆိုပြီး ခေါင်းစဥ်တပ်ပါတယ်။
ရန်ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ ငွေရေးကြေးရေးကိစ္စအများဆုံးပါ။
အိမ်ထောင်မူမှာလည်း ကျမကပဲ ဦးဆောင်ဦးရွက် လုပ်ရသူပါ။ သူကတော့ နောက်ကပဲ လိုက်လုပ်ပါတယ်။
သူကိုစိတ်ကုန်နေတာ ကြာနေပါပြီ။တစ်အိပ်ယာထဲလည်းမအိပ်ချင်သလို အရမ်းလည်းရွံနေပါပြီ။
ကလေးစရိတ်တောင်းပြီးကွာချင်ပါတယ်။
ဒါပေမဲ့သားလေးက အရမ်းသိတတ်ပြီး ဝမ်းနည်း မျက်ရည်ကျတယ်။
မေမေ ဖေဖေနဲ့ နေချင်တယ်ပြောတိုင်း အရမ်းခံစားမျက်ရည် ကျရပါတယ်။
ကျမက အလုပ်တစ်ဖက်နဲ့မို့ ကလေးကျောင်းပို့ဘာညာ သူကပဲ လုပ်ပေးရတာပါ။ လူခွဲလည်းမရှိပါဘူး။
ဘယ်လိုလုပ်သင့်လဲ အကြံဥာဏ်ပေးကြပါရှင့်။