ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၆၀

ညီမမှာ ကောင်လေးရှိပါတယ် ညီမတို့တွဲတာ အခုဆိုရင် ၁နှစ်ကျော်ပါပြီ

ညီမက ခေတ်လူငယ်ဆိုပေမယ့် ဗေဒင်တွေကို ယုံကြည်လွန်းတဲ့သူ တစ်ယောက်ပါ

ညီမကိုယ်တိုင် အကြွင်းမဲ့ မယုံသင့်ဘူးဆိုတာ သိပေမယ့် ယုံနေမိတယ် အဲ့စိတ်က ဖျောက်မရဘူး

အခုကောင်လေးအရင် ရည်စားတစ်ယောက်ထားဖူးပါတယ် သူနဲ့တုန်းက ပြတ်လိမ့်မယ်လို့ မထင်ဘဲ ဒီအတိုင်းပဲ ဗေဒင်မေးခဲ့မိတယ်

အဲ့တုန်းက ဗေဒင်ဆရာက ပြတ်မယ်လို့ ဟောခဲ့ပါတယ် တကယ်လည်းပြတ်ခဲ့ပါတယ်

အခုဆို သူလည်း မိန်းမရနေပါပြီ သူနဲ့ကိစ္စကတော့ ဘာပတ်သက်မှု့မှဆော့ မရှိတော့ပါဘူး

ဇာတ်လမ်းက အခုမှစတာပါ အခုကောင်လေးနဲ့ကျတော့လည်း စိတ်က ဘာဖြစ်နေမှန်းမသိဘူး

ဗေဒင် ထပ်မေးမိပြန်တယ် ဗေဒင် ဆရာက မမြဲဘူးပြတ်မယ်လို့ ထပ်​ဟောပါတယ်

အခုချိန်ထိ ညီမတို့ ၂ယောက်က အဆင်ပြေပါတယ် တစ်ယောက်ကို တစ်ယောက်လည်း ချစ်တယ်လို့ ခံစားမိပါတယ်

ဒါပေမယ့် ညီမရဲ့ စိတ်ထဲမှာက အဲ့ဒီ ဗေဒင်ဟောတာနဲ့ ပတ်သက်ပြီး စိတ္တဇဖြစ်ပြီး နေလို့ အဆင်မပြေတော့ပါဘူး

ညီမ စိတ်ကိုနေပြန်ကောင်းအောင် ညီမရဲ့ စိတ္တဇ စိတ်ကလေးကို နေပြန်ကောင်းအောင် ကူညီပေးကြပါအုံးရှင့်

ညီမလည်း ဘယ်လိုမှ မစဥ်းစားတတ်တော့လို့ပါ ကောင်လေးနဲ့လည်း မပြတ်ချင်ပါဘူး

ညီမက သူနဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပါတယ် အခုတော့ စိတ္တဇ ဖြစ်ပြီး နေရတာ ဘယ်လိုမှ အဆင်မပြေလို့ပါ

Group ထဲက ညီမထက်အတွေ့အကြုံ ကြီးသော ညီအစ်မများ

အကြံအဉာဏ်လေး ညီမကို ပေးကြပါ ဘာလုပ်သင့်လဲ ဆိုတာလေးကို ကျေးဇူးတင်ပါတယ်

ညီမမွာ ေကာင္ေလးရွိပါတယ္ ညီမတို႔တြဲတာ အခုဆိုရင္ ၁ႏွစ္ေက်ာ္ပါၿပီ

ညီမက ေခတ္လူငယ္ဆိုေပမယ့္ ေဗဒင္ေတြကို ယုံၾကည္လြန္းတဲ့သူ တစ္ေယာက္ပါ

ညီမကိုယ္တိုင္ အႂကြင္းမဲ့ မယုံသင့္ဘူးဆိုတာ သိေပမယ့္ ယုံေနမိတယ္ အဲ့စိတ္က ေဖ်ာက္မရဘူး

အခုေကာင္ေလးအရင္ ရည္စားတစ္ေယာက္ထားဖူးပါတယ္ သူနဲ႔တုန္းက ျပတ္လိမ့္မယ္လို႔ မထင္ဘဲ ဒီအတိုင္းပဲ ေဗဒင္ေမးခဲ့မိတယ္

အဲ့တုန္းက ေဗဒင္ဆရာက ျပတ္မယ္လို႔ ေဟာခဲ့ပါတယ္ တကယ္လည္းျပတ္ခဲ့ပါတယ္

အခုဆို သူလည္း မိန္းမရေနပါၿပီ သူနဲ႔ကိစၥကေတာ့ ဘာပတ္သက္မႈ႕မွေဆာ့ မရွိေတာ့ပါဘူး

ဇာတ္လမ္းက အခုမွစတာပါ အခုေကာင္ေလးနဲ႔က်ေတာ့လည္း စိတ္က ဘာျဖစ္ေနမွန္းမသိဘူး

ေဗဒင္ ထပ္ေမးမိျပန္တယ္ ေဗဒင္ ဆရာက မၿမဲဘူးျပတ္မယ္လို႔ ထပ္​ေဟာပါတယ္

အခုခ်ိန္ထိ ညီမတို႔ ၂ေယာက္က အဆင္ေျပပါတယ္ တစ္ေယာက္ကို တစ္ေယာက္လည္း ခ်စ္တယ္လို႔ ခံစားမိပါတယ္

ဒါေပမယ့္ ညီမရဲ႕ စိတ္ထဲမွာက အဲ့ဒီ ေဗဒင္ေဟာတာနဲ႔ ပတ္သက္ၿပီး စိတၱဇျဖစ္ၿပီး ေနလို႔ အဆင္မေျပေတာ့ပါဘူး

ညီမ စိတ္ကိုေနျပန္ေကာင္းေအာင္ ညီမရဲ႕ စိတၱဇ စိတ္ကေလးကို ေနျပန္ေကာင္းေအာင္ ကူညီေပးၾကပါအုံးရွင့္

ညီမလည္း ဘယ္လိုမွ မစဥ္းစားတတ္ေတာ့လို႔ပါ ေကာင္ေလးနဲ႔လည္း မျပတ္ခ်င္ပါဘူး

ညီမက သူနဲ႔ လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားပါတယ္ အခုေတာ့ စိတၱဇ ျဖစ္ၿပီး ေနရတာ ဘယ္လိုမွ အဆင္မေျပလို႔ပါ

Group ထဲက ညီမထက္အေတြ႕အႀကဳံ ႀကီးေသာ ညီအစ္မမ်ား

အႀကံအဉာဏ္ေလး ညီမကို ေပးၾကပါ ဘာလုပ္သင့္လဲ ဆိုတာေလးကို ေက်းဇူးတင္ပါတယ္