ညီမ ရင်ဖွင့်ချင်တာလေးရှိလို့ပါ
အကြံဉာဏ်လေး လည်း ဂရုထဲက စီနီယာတွေ မင်မင်တွေဆီကတောင်းခံချင်လို့ပါ
ကျွန်မက အခု 28နှစ်ရှိပါပြီ ချစ်သူကကျွန်မထက် 7နှစ်ကြီးပါတယ်
ချစ်သူသက်တမ်းက 8နှစ်ရှိပါပြီ ကျွန်မတို့က စိတ်တူကိုယ်တူရှိခဲ့ပါတယ် ရန်ဖြစ်တာနည်းပါတယ်
စတွဲတည်းက. သူ့ဘက်က အရာရာ ဖြည့်ဆည်းပေးခဲ့တာပါ သူက ကိုယ်ပိုင်လုပ်ငန်းတစ်ခုရှိပါတယ်
ကျွန်မက ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်ပါ
ကျွန်မရဲ့လစာက တစ်လ သုံးသိန်းကျော်ရှိပါတယ် သူကပဲ အရာရာစီမံပေးခဲ့တာပါ
ကျွန်မက မိဘအပေါ်သိတက်တဲ့ သမီးမှန်းသူသိလို့ လစာထဲက တစ်ရာတောင်မသုံးခိုင်းပဲ အိမ်ကို အကုန်ပြန်အပ်ခိုင်းပြီး သူပဲ ကျွန်မရဲ့ လစဥ် အသုံးစရိတ်တွေကိုသူပဲ တွက်ပေးခဲ့တာပါ
သူမကွေးတို့ ရေနံချောင်းတို့ဘက်ကို လေ လံသွားဆွဲတိုင်း ကျွန်မအတွက် အမှတ်တရတစ်ခုခုဝယ်လာတက်ပါတယ်
ဒါကသူဘယ်နေရာရောက်နေတယ်ဆိုတာကို ပြောချင်တဲ့ အဓိပ္ပါယ် ပါတဲ့ ကျွန်မ က သိပ်ပြီး အလေးထားတက်တဲ့သူတစ်ယောက်တော့မဟုတ်ဘူး
သူက တစ်ဦးတည်းသောသား ဖြစ်လို့ ညီကိုမောင်နှမမရှိဘူး ဝမ်းကွဲညီမတွေရှိတယ်
အဲ့ညီမတွေကို ဂရုစိုက်တဲ့ အချိန်တိုင်း ကျွန်မ ကလေးဆန်ပြီး သူ့ကို အပြစ်တင်ပါတယ်
ကျွန်မကပဲ ပြသနာတွေရှာပါတယ် ပြသနာ ရှာတာကလည်း သူက ကျွန်မဆီ တစ်နေ့နှစ်ကြိမ် ဖုန်းဆက်ပါတယ်
ချစ်သူသက်တမ်းတွေကြာလာလို့လားမသိပါဘူး ကျွန်မဘက်က ထမင်းစားပြီးပြီရေသောက်ပြီးပြီ ဘာဖြစ်တယ်ညာဖြစ်တယ်
ကလေးတွေလို ကလေးကလား စကားတွေ တီတီတာတာတွေ မပြောချင်တော့ဘူး
အဲ့လိုတွေ ဖုန်းခေါ်တိုင်း ကျွန်မ ဂျစ်ကန်ကန်စကားတွေပဲ ပြောခဲ့ပါတယ်
မှတ်မှတ်ရရဆို 2020မှာ သူဖုန်းခေါ်တိုင်း ပြန်ချတယ် စက်ပိတ်တယ်ဆိုပြီး ကျွန်မနောက် လိုက်လာပြီ တွေ့တဲ့ လမ်းပေါ်မှာ သူရိုက်ဖူးပါတယ်
အဲ့တစ်ကြိမ်သူ့ဆီက ပထမဆုံး ရိုက်တာ ခံရဖူးတယ်
အဲ့နောက်မှာ ကျွန်မ ပျက်ပြီ ဆိုပြီး သူ့ဆီ အဆက်အသွယ် မလုပ်ခဲ့ပါဘူး သူကျွန်မအိမ်ရှေ့ လာပြီး မရှက်မကြောက် သီချင်းတွေအကျယ်ကြီးအော်ဆိုပါတယ်
ကျွန်မကသူနဲ့ သေချာမဆွေးနွေးခဲ့လို့ အခုလိုဖြစ်တယ်ဆိုပြီး သူနဲ့ သေချာဆွေးနွေးခဲ့ပါတယ်
သူကျွန်မကို အထပ်ထပ်တောင်းပန်ပါတယ်သူမှားသွားပါတယ်စိတ်တွေထူပူပြီး ဖုန်းခေါ်တာ မကိုင်ရလားဆိုပြီး
တစ်ခြားတစ်ယောက်များရှိနေလားဆိုပြီး သူစိတ်ပူလို့ ရိုက်ခဲ့တာလို့ ပြောလို့ ကျွန်မ လည်း ကိုယ့်အပြစ်ကိုယ်သိလို့ ပြန်အဆင်ပြေခဲ့ပါတယ်
စတွဲတည်းကဖိနပ်ကအစ သူပဲ အကုန်ဝယ်ပေးခဲ့တာ
သူက မြို့မျက်နှာဖုံး လူငယ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လို့ ကျွန်မ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက အားကျကျပါတယ်
ကျွန်မအနီးနားကလူတွေက. သူနှင့် ကျွန်မအကြောင်းကို လူတိုင်းသိပါတယ်
သူ့မိဘတွေက သဘောမတူပါဘူး အဲ့ကောင်မလေးက နင်နဲ့ မလိုက်ဖက်ဘူးလို့ ပြောတိုင်း
သူ့အိမ်နဲ့ အကြိမ်ကြိမ်ပြသနာတက်တိုင်း ကားတစ်စီးနဲ့ ရောက်ရာ လျှောက်သွားတက်ပါတယ်
ကျွန်မက ပြောပါတယ် နင့်မိဘတွေ သဘောမတူရင် ငါတို့ လမ်းခွဲ ကျမယ်လို့ပြောပါတယ်
ကျွန်မမိဘကလည်း သူနဲ့ သဘောမတူပါဘူး
သူနဲ့တစ်ခါတစ်လေ အလုပ်ကိစ္စတွေနဲ့ စပ်စပ်ပြီး ပြောရင်တောင် မကြိုက်ပါဘူး
နှစ်ဘက်စလုံးက သဘောမတူတာတောင် ကျွန်မတို့ အခုထိ 8နှစ်ကျော်တွဲခဲ့ပါတယ်
ပြသနာကလည်း ကျွန်မကပဲ စခဲ့တာလို့ ထင်ပါတယ်
သူက တစ်လတစ်ကြိမ်လောက် တိုင်းရုံး အစည်းဝေးတက်ရပါတယ် မြို့နယ်သူဌေးတွေဆိုတော့ ရန်ပုံငွေတွေဘာတွေနဲ့ ပတ်သက်မှာပေါ့
ကျွန်မသူငယ်ချင်းက အဲ့မြို့မှာ ပဲ အလုပ်လုပ်တော့
ကျွန်မပဲ မိတ်ဆက်ပေးလိုက်တာပါ သူငယ်ချင်း ပြန်ရင် ငွေကုန်မှာဆိုးလို့ ကိုကြီးကို ပြန်ရင် တင်ခေါ်ခဲ့ဖို့ ပြောပါတယ်
ကိုကြီးက အစကတော့ မတင်ချင်ပါဘူး ကျွန်မကိုလည်း သူငယ်ချင်း ကွယ်တော့ ပြောပါတယ်
ဘယ်လို မိန်းကလေးလည်း ကိုယ့်ကောင်လေးကို တစ်ခြား မိန်းကလေးနဲ့ စိတ်ချလက်ချလွတ်တာ မင်းတစ်ယောက်ပဲ မြင်ဖူးတယ်တဲ့
သူတို့တွေ နောက်ပိုင်း ရင်းနှီးသွားကျတယ်ပေါ့ ကျွန်မက အပိုလူတစ်ယောက်လိုဖြစ်လာတာ အာဏာသိမ်းပြီးတည်းက ဖြစ်လာတာ ကိုယ့်ပါသာလည်း သတိထားမိလာတယ်
အပေါ်က စကားကို ပြန်ကောက်ရရင် ကျွန်မက ဖုန်းကြာကြာမပြောချင်တာတစ်ခု အသက်27ဆိုတာ လူကြီးတစ်ယောက် ရင့်ကျက်ပြီထင်လို့
ရည်းစားကြီးတစ်ကားကားနဲ့ အဲ့လို မနေချင်လို့ ကျွန်မပါ အေးဆေး နေခဲ့ပါတယ် သူတို့တွေက အဲ့ချိန်မှာ ကျွန်မထက် ပိုရင်းနှီးမူ့ရနေတာ ကျွန်မ မသိခဲ့ဘူး
သူက ဆန္ဒတွေလိုက်ပြတယ် ဖမ်းဝရမ်းထုတ်တော့ ကျွန်မ ဆီ သူအကြောင်းကြားပါတယ်
သူထောင်ကျတော့မယ်ထင်တယ်တဲ့ ကျွန်မဘာလုပ်တက်မှာလည်း စိတ်မကောင်း ဖြစ်ရုံပဲလေ
ကျွန်မ ဆီပြောသလိုပဲ ကျွန်မသူငယ်ချင်း ဆီလည်း သူပြောပါတယ်
ဟိုဘက်က သူက ကျွန်မကို မပြောရသေးဘူး ထင်လို့ ကျွန်မကို အပြေးအလွှား လာပြောပါတယ် ကျွန်မသိနေခဲ့ပြီလေ
အဲ့ချိန်မှာ ကျွန်မတို့ ပြသနာတွေ တက်ပါပြီ အကြီးအကျယ် သူ့ကို မေးခဲ့ပါတယ် ညီမတစ်ယောက်လိုပါ
သူငယ်ချင်းတစ်ယောက်လိုပါနဲ့ ချစ်သူများနေ့မှာ ချောကလပ်ကို ကျွန်မသူငယ်ချင်း ဆီ အရင်ပို့ပါတယ်
ကျွန်မက. ဒီဘက်မှာ လုပ်နေပေမယ့် ဟိုဘက်က ဘာလုပ်လည်း ကျွန်မ နည်းနဲ့ အမြဲ လေ့လာနေခဲ့တာပေါ့
သူလာသွားတယ် ဘာပေးသွားတယ် ကျွန်မနဲ့ ရင်းနှီးတဲ့သူတွေက ပြန်ပြောတော့ ကျွန်မသိနှင့်နေပြီလေ
အဲ့နေ့ညနေမှာ ကျွန်မအတွက် မုန့်တွေ အများကြီးဝယ်ပြီး လာကြိုပါတယ်
ကျွန်မသူ့ကိုစေ့စေ့ကြည့်ပြီး စိတ်ထဲမှာ သက်ပြစ်ချင်ပေမယ့် စိတ်တိုလွန်းလို့ အဲ့ဒါတွေ အကုန် လူတွေရှေ့မှာ လွှင့်ပစ်လိုက်ပါတယ် ဟိုလူကြည့် ဒီလူကြည့်နဲ့ သူလည်း နည်းနည်းရှက်သွားမှာပါ ကျွန်မ ဘာမှမပြောပဲ စိတ်ကိုလျှော့ချပြီ
ကျေးဇူး တင်စကားပြောပြီးပြန်ခဲ့ပါတယ် ကျွန်မ living together မနေခဲ့ပါဘူး တစ်ကြိမ်တစ်ခါမှ သူလည်း မပြောပါဘူး
ကျွန်မတို့လည်း ကိုယ်စီအလုပ်တွေနဲ့ မအားကျပါဘူး သူထောင်ကျတော့ ကျွန်မ ဝမ်းနည်းပြီး ငိုရပါတယ်
ကျွန်မအလုပ်ကို ပြစ်ပြီးသူ့ဆီကို ထောင်ဝင်စာ သွားမတွေ့ပေမယ့် ကျွန်မသူငယ်ချင်း ကတော့ အမြဲသွားတွေ့ပါတယ်
ကျွန်မအတန်တန်ပြောရဲ့သားနဲ့ သူတို့က ကျွန်မထင်ထားတာထက် ပိုရင်းနှီးနေတော့ ကျွန်မ ဆက်စောင့်သင့်လား
လမ်းခွဲကြောင်းစာပို့ပေးသင့်လား သူက ကျွန်မသူငယ်ချင်း ရဲ့ မိဘတွေနဲ့တောင် ရင်းနှီးပြီး အမေအဖေခေါ်တဲ့အဆင့်ရောက်နေပါပြီ
အဲ့ဒါကို ရှေ့တစ်ပက်ကမှ သိရတာ ရင်ထဲလည်း သိပ်မကောင်းဘူး သူကတော့ သူပြန်လာတဲ့အထိစောင့်ပါတဲ့
တစ်ခြားတစ်ယာက်မထားပါနဲ့တဲ့ ပြန်လာရင် အနာဂတ်အတွက် ပြင်ဆင်ကျမယ်လို့ ပြောပေမယ့်
ကျွန်မ မယုံချင်တော့ဘူး
ဆက်ပြီး စောင့်ပေးသင့်လား မသင့်လား ဝေခွဲရခတ်နေလို့
ရင်ထဲလည်း ဒီလိုလုပ်ရပ်ရလားတွေးရင်း သွားသက်ချင်စိတ်ဖြစ်မိတယ်။
သူ့ကို မေးတိုင်းလည်း သူငယ်ချင်းလိုပါ သူငယ်ချင်းလိုပါနဲ့ သူငယ်ချင်းက အဲ့လောက်ငယ်စရာလိုလို့လား
ဟိုဘက်ကလည်း ဦး ဦးနဲ့ ဒီ7နှစ်လောက် ကွာတာကို ဦးတပ်ခေါ်ရတယ်လို့ ကျွန်မတစ်ယောက်ထဲ မဆုံးဖြတ်နိူင်လို့
ဒီgroupက. မင်မင်တို့ စီနီယာမမတွေ ဆီက အကူညီတောင်းချင်လို့ပါ
ဟိုဘက်ကလည်း ဦး ဦးနဲ့ ဒီ7နှစ်လောက် ကွာတာကို ဦးတပ်ခေါ်ရတယ်လို့ ကျွန်မတစ်ယောက်ထဲ မဆုံးဖြတ်နိုင်လို့