ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၆၇

ညီမတစ်ခုလောက်သိချင်လို့ပါ ညီမမှာကောင်လေးရှိပါတယ်သူနဲ့ကြိုက်တာ၂လဘဲရှိသေးတယ်

သူနဲ့ကလိုင်းပေါ်မှာတွေ့ကျတာပါ ညီမအ​ဖြေမပေးခင်တုန်းက သူ့ကိုမေးပါတယ်

ညီမရဲ့ခံယူချက်ကအိမ်ထောင်မရှိရဘူး ရှိလဲမရှိခဲ့ရဘူးပေါ့နော်

သူ့ကိုမေးခဲ့ပါတယ် မရှိဘူးလို့သူပြောတယ် ညီမလက်ခံခဲ့တယ်

သူအသက်က၂၉ ညီမအသက်က၂၇အပျိုပါ သူကညီမထပ်၂နှစ်ကြီးတော့ လူကြီးလဲဆန်တယ်

သူလဲညီမကိုအလိုလိုက်တယ် ညီမဆိုးလဲသည်ခံတယ်

သူ့ရဲ့ပုံစံအကုန်လုံးကညီမကြိုက်တဲ့ထဲမှာပါတယ် ညီမသူကိုတကယ်ချစ်မိသွားတယ်

ချစ်သူတစ်ယောက်လိုကို့အကိုတစ်ယောက်လိုလဲခံစားရတယ်

ညီမအတွက်ဆိုသူအချိန်အမြဲတမ်းပေးတယ် နှစ်ယောက်အတူဘဝတည်ဆောက်ဖို့ကိုသူအမြဲတမ်းပြောတယ်

လိုင်းပေါ်ကအချစ်ဆိုပင်မဲ့တကယ်ချစ်ခဲ့ကြတယ် တစ်ယောက်နဲ့တစ်ယောက်လဲပွင့်ပွင့်လင်းလင်းပြောကြတယ်

ဒါပင်မဲ့ ၂လပိုင်း၂၁ရက်နေ့မှာသူညီမကိုဖုံးကွယ်ထားတာတစ်ခုရှိတယ်

အဲ့အကြောင်းကိုသူအစထဲကပြောမလို့ သူမပြောရက်လို့တဲ့

ညီမကိုတန်းဖိုးထားတော့ သူအဲ့အကြောင်းဖုံးကွယ်ဖို့စိတ်မလုံဘူးတဲ့

အဲ့အကြောင်းတွေးမိတိုင်း ညီမနဲ့မတန်ပါဘူးလို့ခံစားနေရတယ်တဲ့ ဘာအကြောင်းလဲမေးတော့

သူမှာအရင်ကကောင်မလေးရှိခဲ့ဖူးတယ် အဲ့ကောင်းမလေးနဲ့နှစ်ယောက်ထဲလက်ထပ်ခဲ့ကြတယ်

သူ့သူငယ်ချင်းအသိနှစ်ယောက်နဲ့ပေါ့ အိမ်ထောင်ကျပြီး၄လလောက်နေတော့ သူတို့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့တာ၂နှစ်ယောက်ရှိပြီ

ခုအဲ့ကောင်မလေးကလဲအခြားတစ်ယောက်နဲ့အိမ်ထောင်ကျနေပြီ

ကွာရှင်းစာချုပ်မှာလက်မှတ်တော့မထိုးရသေးဘူးလို့ပြောတယ်

ညီမကိုသူက သူနဲ့မတန်ဘူးစဥ်းစားပါတဲ့ ညီမလက်ခံနိုင်မှာမဟုတ်ဘူးတဲ့

ပြီးတော့ သူက CDMလုပ်ထားတဲ့ဝန်ထမ်းတစ်ယောက် အခုမလေးမှာပါ

ညီမဘယ်လိုလုပ်ရမှန်းမသိဖြစ်နေလို့ပါ သူ့ကိုတော့ညီမတကယ်ချစ်တယ်

ညီမလေးဆုံးဖြတ်ချက်တိုင်းအကိုလက်ခံပါ့မယ်တဲ့
















သူ့သူငယ်ချင်းအသိနှစ်ယောက်နဲ့ပေါ့ အိမ်ထောင်ကျပြီး၎လလောက်နေတော့ သူတို့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့တာ၂နှစ်ယောက်ရှိပြီ





