အကြံညဏ်လိုချင်လို့ပါရှင်…
ကျမတို့ကချစ်သူသက်တမ်းခြောက်နှစ်အိမ်ထောက်သက်၁နှစ်နဲ့၅လပါရှင့်..
သူကကျမထက်၄နှစ်ကြီးပါတယ်..
ချစ်သူစဖြစ်ထဲကခုချိန်ထိကျမလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးသူပါခုချိန်ထိလည်းလိုလေသေးမရှိထားတာပါ.
မေတ္တာလည်းအပြည့်၀ပေးပါတယ်..ရသမျှလည်းအပ်ပါတယ်..
ခက်တာကညီမကခုနှစ်ထဲမှသူ့အပေါ်တအားဆိုးမိနေတာပါ..
တခုခုလိုချင်လာရင်မရမချင်းဂျီကျတတ်သူပါသူကမိသားစုလုပ်ငန်းထဲပဲ၀င်လုပ်နေရတာဆိုတော့
သူပင်ပန်းချိန်ဆိုသး့ကိုအားပေးတယ်နှစ်သိမ့်ပေးတယ်
တခါတလေကျရင်ညီမကိုယ်တိုင်ကလည်းသူ့ကိုစိတ်ပင်ပန်းအောင်လုပ်မိနေတယ်
သူ့မျက်နှာလေးနွမ်းနေရင်ညီမရင်ထဲနေမထိဘူးဒါပေမယ့်ညီမကိုယ်တိုင်ကသူ့ကိုစိတ်ဖိစီးမှုများနေစေသလိုဖြစ်နေတယ်
ကိုယ်မကောင်းဘူးဆိုတာလည်းကိုယ်သိပါတယ်..
ဒါပေမယ့်အမျိုးသားကိုလည်းကိုယ့်ကြောင့်စိတ်သောကမရောက်နေစေချင်ဘူး
ကိုယ့်စိတ်ကလည်းကောင်းအောင်နေပါမယ်ဆိုပြီးနေပေမယ့်ကြာကြာမခံဘူးဖြစ်နေတယ်…
သူ့ကိုညီမကြောင့်မပင်ပန်းစေချင်ဘူးရယ်…ညီမဘက်ကပြုပြင်ရမှာကိုသိပါတယ်..
ဘယ်လိုပြုပြင်သင့်ပြီးညီမစိတ်ကိုဘယ်လိုပြောင်းရမလဲဆိုတာအကြံပေးပါဦးနော်…
စာမဆီလျော်တာရှိရင်လည်းဖုည့်ဖတ်ပေးကြပါနော်
သူကကျမထက်၎နှစ်ကြီးပါတယ်..
သူပင်ပန်းချိန်ဆိုသ့းကိုအားပေးတယ်နှစ်သိမ့်ပေးတယ်