ညီမတစ်ခုလောက်မေးပါရစေ
ယောကျာ်းဖြစ်သူကငွေပြန်မအပ်နိုင်လို့ပါ
အလုပ်မရှိဘူးလားဆိုတော့လဲ အလုပ်ကရှိပါတယ် မပျင်းမရိလဲလုပ်ပါတယ်
ခက်တာကလောင်းကစားလုပ်တာပါ အကြွေးတေပိလာမှညီမကိုသူလောင်းကစားလုပ်လို့ရှုံးတဲ့အကြောင်းတေဖွင့်ပြောတာပါ
သူ့သူဌေးဆီကငွေတွေတောင်းလိုက်လောင်းကစားလုပ်လိုက်လုပ်နေတာပါ
သူဌေးကလဲသဘောအလွန်ကောင်းသူပါသူ့ကိုယုံပီးပေးတယ်
အဲ့လိုလုပ်နေတာတွေညီမမသိရပါဘူး ခုအကြွေးတေပိလာခါမှညီမကိုဖွင့်ပြောတယ်
ညီမလက်ဝတ်လက်စားရောင်းပီးဆပ်ပေးဖို့လဲပြောလာတယ်
အဲ့လိုရောင်းဆပ်ပီးရင်လတိုင်းလစာပြန်ပေးလို့ရပီတဲ့ပြောလာတယ် ညီမမပေးလိုက်ပါဘူး
ခုတော့မလုပ်တော့ဘူးပြောပါတယ် လောင်းကစားကအဲ့လိုပဲဖြတ်လို့ရလားရှင့်
လိုင်းပေါ်ကလောင်းကစားဂိမ်းဆော့တာပါ
ညီမကလဲထိုင်စားမဟုတ်ပါဘူးအလုပ်ရှိပါတယ် သူငွေပြန်မအပ်လဲအဆင်ပြေတဲ့အခြေအနေပါ
အိမ်ထောင်သက်က၆နှစ်ရှိပါပီ ကလေးမယူသေးပါဘူး အဲ့ဒါ ညီမဘာဆက်လုပ်သင့်လဲရှင့်
အကြံလေးပေးပါအုံးမင်မင်ရေ သူ့မိဘတေကိုလဲ လောင်းကစားလုပ်လို့ရှုံးကြောင်းတွေ ညီမဖွင့်ပြောလိုက်ပါတယ်
သူ့မိဘတေကလဲ သူ့စကားသာအရာပါတာပါ ညီမစကားဆိုသိပ်အရေးမပေးချင်ကြပါဘူး
ခုကိစ္စလဲသူတို့သိပါတယ် ဒါပေမဲ့သူတို့သားကိုညီမရှေ့ခဏတော့ဆုံးမပြပါတယ်
ပီးရင်အရင်တိုင်းပါပဲ ညီမမိဘတေကိုတော့ဖွင့်မပြောရသေးပါဘူး ညီမဘာဆက်လုပ်သင့်လဲရှင့်