ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၇၂

မင်မင်ရေ ရင်ဖွင့်ချင်လို့ပါ

ကျမက အိမ်ထောင်ကျတာ ၇နှစ်ရှိပါပြီ ၃နှစ်အရွယ် သမီးလေးရှိပါတယ်..

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ခုအချိန်ထိ ပျော်ရွှင်ရတယ်ဆိုတာ မရှိပါဘူး ကျမက သူတို့အိမ်မှာ လိုက်နေပါတယ် ခုအချိန်ထိ ဘာမှ စုမိဆောင်းမိလည်း မရှိပါဘူး

ကျမက ဝန်ထမ်းလည်း ဖြစ်ပါတယ် online businessလည်း လုပ်ပါတယ် ဒါပေမဲ့ မအောင်မြင်သေးပါဘူး..

ကျမ အလုပ်တစ်ဖက်နဲ့မို့ ဇောက်ချလုပ်မရ ဖြစ်တာလည်း ပါပါတယ်

ယောက်ခမအိမ်မှာဆိုတော့ ပုံရိုက် /vd ရိုက်တာမျိုး လုပ်ရတာ လွတ်လွတ်လပ်လပ် မရှိတာလည်း ပါပါတယ်

သူက ကားဘဲ မောင်းတတ်ပါတယ် ကျန်တာ ဘာမလုပ်တတ်ပါ

သူ့အလုပ်ကတော့ လစာနဲ မဟ်ုတပါဘူး ခေါက်ကြေးနဲ့ ရတာပေါ့ တစ်လကို ခရီး ၄/၅ခေါက် ထွက်ရပါတယ်

မှန်းခြေ တလကို ၂သိန်း/ ၂သိန်းခွဲ လောက်ရပါတယ် ညီမက သူ့ကို အလုပ်တစ်ခုအတည်တကျလုပ်စေပြီး လကုန်ရင် ၃သိန်းဖြစ်ဖြစ် ၄သိန်းဖြစ်ဖြစ် အဲလို လုပ်စေချင်တာပါ ငွေစုမိတာပေါ့

ခုက ၃၀၀၀၀ ရလိုက် ၅၀၀၀၀ရလိုက်ဆိုတော့ မစုမိပါ ညီမလည်း တအားမသုံးရပါဘူး

အကျီဝယ်ချင်တာတောင် မဝယ်ဖြစ်ဘူး တဖြေးဖြေးနဲ့ ကျပ်တည်းလာသလို ခံစားရပါတယ်

ကလေးကလည်း ၃နှစ်ပြည့်ပြီဆိုတော့ မူကြို ထားရပါတော့မယ်

ညီမ စိတ်တွေလည်း ညစ်တာ ကြာပါပြီ ကိုယ်အသုံးမကျလို့ ကိုယ် မရှာနိုင်လို့ဆိုပြီး ကိုယ့်ကိုကိုလည်း အပြစ်တင်မိပါတယ်

ပြီးတော့ သူ့ကိုလည်း စိတ်ကုန်နေပါပြီ သူက ညီမ အပေါ်ကို မကောင်းပါဘူး

သူ့ဘာသာသူဘဲ နေပါတယ် ဘာမှလည်း တိုင်ပင်လို့မရပါဘူး သူ့အလုပ်ကိစ္စလည်း မပြောသလို ညီမ အလုပ်ကြောင့် စိတ်ညစ်လို့ ရင်ဖွင့်ရင်လည်း တလေးတစား နားထောင်မပေးတတ်ပါဘူး

အကြံလည်း မပေးတတ်ဘူး.. ဘယ်အရာမှ တိုင်ပင်လို့မရပါဘူး

အရင်တခါက ညီမက ရုံးကိစ္စကြောင့် နောက်ကျပြီး ည ၇နာရီလောက်မှ အသိကားနဲ့ ပြန်လိုက်လာပြီး လမ်းထိပ်မှာ ဆင်းပါတယ်

လမ်းထိပ်နဲ့ အိမ်ကို ၁၅မိနစ်လောက် လျှောက်ရပါအုံးမည် မီးကပြတ်နေတော့ ​မှောင်မဲနေတာဘဲ

ကျမက သူ့ကို ဖုန်းဆက်ပြီး မီးပြတ်နေတယ် ကလေးနဲ့ လမ်းလျှောက်ရင်း လာကြိုဖို့ ပြောတာကို သူကပြန်ပြီး မီးပြတ်လို့ မလာတော့ဘူး

ကိုယ့်ဘာသာ ပြန်လာခဲ့လို့ ပြောပါတယ် နောက်တစ်ခုက တစ်ညနေ ကျမ ဖျားချင်သလိုဖြစ်ပြီး အနွေးထည်ဝတ်ထားရတော့

ထိုင်ခုံမှာ ထိုင်မလို့ ပန်ကာရှေ့တည့်တည့် ဖြစ်နေတော့ (ပန်ကာက သူတို့အိမ်က ပူလို့တဲ့ အမြဲဖွင့်ထားတော့ )

ညီမက သူ့ကို ငါ့ကို ပန်ကာရှေ့ကနေ ကွယ်ထားပေးပါလား ငါ ချမ်းလို့ ဆိုတာက

သူက ငါ စွတ်ကြယ်ဝတ်ထားတဲ့သူက လုပ်ပေးရအုံးမှာလားဆိုပြီးပြောပါတယ်

အလိုက်သိမှု့ လုံးဝ မရှိတာပါ ပြီးတော့ ညီမ အွန်လိုင်းဈေးရောင်းတာကိုလည်း မကူညီတဲ့အပြင်

အသိတစ်ယောက်ဈေးဆိုင်သွားရင် အသိက အယ် အစ်မနော် ဆယ်လီဖြစ်နေတာ လိုင်းပေါ်မှာ အမြဲတွေ့နေရတယ်နော်လို့ ပြောတော့.

သူက ဘေးကနေ ကြီးပွားအုံးမယ် အောင်မြင်အုံးမယ်ဆိုပြီး အသိရှေ့မှာဘဲ ပြောပါတယ်

ကျမ တအား စိတ်ကုန်နေပါပြီး ကျမ သူ့ကိုလည်း ပြောပါတယ်

ငါ ခုအချိန်ထိ နင်နဲ့နေနိုင်တယ်ဆိုတာ နင့်အမေနဲ့ နင့်ညီမ ကောင်းလို့ လို့ ပြောပါတယ်

ယောက်ခမ (အမ)က ဘာမှ မပြောပါ ပူတယ်မပြော အေးတယ်မပြော ဆူတာမရှိ ကောင်းပါတယ်

ယောင်းမက ကျမ ကလေးကို အမြကြည့်ပေးပါတယ် ကျမရုံးသွားတိုင်း သူတို့ဘဲ ကြည့်ပေးတာပါ

ကျေးဇူးလည်း သူတို့ကို တင်ပါတယ် ယောက်ခထီးကြိးက ဘာမဟုတ်တဲ့ကိစ္စသေးလေးကအစ ဒေါသထွက်ပါတယ် ပူလောင်ပါတယ်

အရင်က ကျမကို မပြောပေမဲ့ အခုနောက်ပိုင်း စောင်းလည်း ပြောပါတယ် ဒဲ့လည်း ပြောပါတယ်

ကျမက ထမင်းဟင်း မချက်ရပါဘူး ယောင်းမ က သူ့ကိုယ်တိုင် လုပ်ရမှာ ကျေနပ်သူမို့ သူ့ဘဲ လုပ်ပါတယ်

အသားငါးဆေးတာကအစ ဘယ်သူလုပ်တာမှမကြိုက် သူ့ဘာသူ လုပ်ပါတယ် ကျမက ဘေးကနေ ဟင်းရွက်ကန်စွန်း ခြွေပေးရုံပါဘဲ ဒါတောင် နေ့တိုင်းလုပ်မပေးနိုင်ပါဘူး ရုံးဝန်ထမ်းမို့ပါ

အဲ့ဒါကို ယောက်ခထီးကြီးက ကျမကို ပြောပါတယ် အဆင်သင့် လက်ဆေးထမင်းစားရုံ လာမလုပ်နဲ့ ဆိုပြီး ပြောပါတယ်

ကျမ အိမ်ခွဲနေချင်ပါတယ် ယောက်ျားက အိမ်ငှားဖို့ ပိုက်ဆံလည်း ရှာမပေးနိုင်သလို သူ့ကိုယ်တိုင်ကလည်း သူ့အိမ်ကနေ ခွဲမသွားချင်ပါဘူး

ကျမလည်း သူ့အိမ်မှာ နေရတာ မပျော်ပါဘူး…

ကျမအပေါ် သူ လုံးဝမကောင်းတဲ့အတွက် ကျမ သူ့ကို စိတ်ကုန်နေပါပြီ ချစ်တာလည်း မရှိတော့ဘူး ထင်ပါတယ်

အကြံပေးကြပါအုံးနော်