ကျွန်မ ရင်ဖွင့်တယ်ဆိုတာထက် တိုင်ပင်ချင်တာပါ
ကျွန်မရည်းစားနဲ့ တွဲလာတာ ၂ နှစ်လောက်ရှိပါပြီ သူက အရမ်းရိုးသားပါတယ်
ကျွန်မအပေါ်လဲ အရမ်းချစ်တာ သူချစ်တဲ့အချစ်က ကျွန်မဘာပဲဖစ်ဖစ် ချစ်မဲ့အချစ်မျိုးပါ
သူက အစွဲအလမ်းလဲ ကြီးတယ် သူ့အချစ်ကို ယုံကြည်တယ် သူနဲ့က ငယ်ငယ်ကတည်းက
ကျောင်းနေဘက်သူငယ်ချင်းပါ သူ့အကြောင်းလဲ အကုန်သိပါတယ် ဘယ်လိုလူဆိုတာ
အရမ်းကောင်းပါတယ် ဒါပေမယ့် ကျန်မဘက်က သူ့အပေါ် သိပ်မချစ်ခဲ့ဘူး
သူငယ်ချင်းဆိုတဲ့စိတ်နဲ့ပဲ လက်ခံခဲ့တာ ဦးနှောက်နဲ့ပဲစဥ်းစားခဲ့တာ သူကကိုယ်အပေါ်အရမ်းချစ်ပါတယ်လေဆိုပီး သူချစ်ကို ရှာတဲ့သဘောပေါ့
ပြောရရင် သူက ပညာလဲမတတ်ဘူး ၁၀တန်းအထိပဲပေါ့ ကျွန်မက ပညာတတ်တစ်ယောက်ပါ
အလုပ်လဲရှိတယ် ရာထူးလဲနည်းနည်းမြင့်တဲ့အထဲမှာပါပါတယ်
( ဒါမျိုးပြောတာကလဲ ဘဝင်မြင့်တဲ့သဘောမဟုတ်ပါဘူး လက်ရှိအခြေအနေကို သိအောင်လို့ပါ)သူ့မှာ ဝင်ငွေရတဲ့အလုပ်တော့ရှိပါတယ်
ဒါပေမယ့် ကျန်းမာရေးလဲ သူက သိပ်မကောင်းဘူး ( ခါးနာတဲ့ရောဂါပါ)အလုပ်တော့လုပ်နေတာပါ
ပြောချင်တာက သူ့ကို ကျွန်မအိမ်ထောင်ပြုဖို့ အဆင်ပြေပါ့မလား ဘယ်လိုမှ စဥ်းစားမရဘူး
သူက ပညာကလဲမတတ် ကျန်းမာရေးကလည်းပါလာပြန် ရုပ်ရည်အနေနဲ့လဲ လှတဲ့အထဲမှာမပါဘူး
ကျွန်မအဲလိုတွေစဥ်းစားပီး သူ့ကို ဖြတ်ကြောင်းပြောရင် သူ့ကိုယ်သူ သတ်သေမှာချည်းပဲပြောတာ
နောက်ပီး ကျွန်မစိတ်က ဆိုင်ကိုဝင်သလို ဖြစ်တယ်ပြောရမလား
(ကျွန်မအရင်ရည်းစားကလဲ ပညာမတတ်ဘူး သူ့ကိုအရမ်းချစ်ခဲ့တယ် ကျွန်မကို သူထားသွားတယ်
အရင်ရည်းစားတုန်းကလဲ ပညာမတတ် အခုရည်းစားကလဲပညာမတတ်ဆိုပီး
ကျွန်မကိုကျွန်မ စိတ်ဓာတ်တွေကျပီး ငါ ကံမကောင်းပါ့လားဆိုပီး
ငိုမိခဲ့တယ် ဒါကတော့ ကျွန်မရဲ့ သိပ်အရေးမကြီးတဲ့အပိုင်းပါ)
အဓိကပြောချင်တာကတော့ ကျွန်မသူ့ကို အိမ်ထောင်ပြုဖို့ ရွေးချယ်ရမလား မရွေးချယ်ရဘူးလား
ဘယ်လိုမှ စဥ်းစားမရတော့ဘူး
သူကတော့ ကျွန်မကိုယူချင်နေပီ ပိုက်ဆံစုနေတာတဲ့ အမြန်ယူမှာတဲ့