ကျမရင်ဖွင့်ချင်လို့ပါ
ဒီကိစ္စကို ကျမပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်သူကိုမှ ရင်ဖွင့်လို့အဆင်မပြေလို့
ဒီမှာရှိတဲ့အမ/ညမ တွေကိုရင်ဖွင့်လိုက်ရင် နဲနဲ ပေါ့သွားမလားဆိုပီ ရင်လာဖွင့်တာပါ
ကျမ အခုရက်ပိုင်း သူ့အကြောင်းတွေ ကျမခေါင်းထဲမှာရစ်ဝဲနေပါတယ်
သူဆိုတာ ကျမဆယ်ကျော်သက်တုန်းက ကျမကိုကြိုက်ခဲ့သူ ပိုးပန်းခဲ့သူပေါ့
ကျမလည်းအဲ့တုန်းကသူ့ကို ရင်ခုန်ခဲ့မိပါတယ်
သူက ကျမတို့နဲ့ဆွေမျိုးတော်ဆပ်ပါတယ်
နဲနဲတော့ အမျိုးဝေးတာပေါ့
အဲ့တုန်းကတော့ ကျမတို့အိမ်မှာဝင်ထွက်သွားလာရှိခဲ့ပါတယ်
သူက ကျမကိုချစ်ရေးဆိုတဲ့အချိန်မှာ ကျမ၈တန်းအောင်ပဲရှိပါသေးတယ်
၈တန်းဆိုပေမဲ့ ကျမကကျောင်းနောက်ကျခဲ့တဲ့အတွက် အသက်အရွယ်ကဆယ်တန်းအရွယ်ပါ
ကျမက ရင်ခုန်ခဲ့မိတယ်ဆိုပေမဲ့ ကျမသူ့ကို မရွေးချယ်ခဲ့ဘူးလေ
အဓိကအကြောင်းအရင်းက သူကဆင်းရဲလို့ပါ
ဆင်းရဲတာအပြစ်မဟုတ်ပေမဲ့ သူကပညာရေးကိုသိပ်အရေးမစိုက် စာမကြိုးစားတဲ့သူဆိုတော့ ကျမသူ့ကို မရွေးချယ်ရဲခဲ့ဘူး
နောက်တစ်ချက်က သူ့မိဘတွေကအတွေးနိမ့်ပါတယ်
မိန်းကလေးဆိုတာ ယောကျာ်းယူ ကလေးမွေး မီးဖိုချောင်ဝင် ဆိုတဲ့အတွေးမျိုး
ပီးတော့ ကျမမိဘလည်းသဘောမတူတာလည်းပါတာပေါ့
အာ့ကြောင့် ကျမသူ့ကို ကျမလက်တွဲဖော်အဖြစ်မရွေးခဲ့ဘူး
ကျမကို ဆယ်တန်းအောင် ပီးတော့ နောက်တစ်ခါထပ်ပီး ကျမဆီကအဖြေကိုတောင်းခဲ့သေးတယ်
ကျမက ငါ့မိဘတွေသဘောမတူလို့ မိဘကိုဆန့်ကျင်ပီးနင့်ကိုမရွေးချယ်နိုင်ဘူး ငါ့မှာ တခြားလုပ်စရာတွေရှိသေးတယ်ဆိုပီး ထပ်ငြင်းခဲ့တယ်
နောက်တော့သူက ကျမထက်အရင် အိမ်ထောင်ပြုသွားပါတယ်
သူ့မိဘတွေကအတင်းယူခိုင်းလို့ သူမချစ်တဲ့မိန်းကလေးတစ်ယောက်ကိုယူလိုက်ရတယ်လို့ တခြားဆွေမျိုးတွေဆီက သိခဲ့ရတယ် အဲ့အထိကျမ ဘာမှမခံစားခဲ့ရဘူး
ကျမလက်ထပ်မဲ့နေ့မှာ အမေနဲ့ကျမ ဝမ်းနည်းလို့ငိုနေကြတဲ့အချိန်မှာ သူကျမကို
“နင်ဘာလို့ငိုနေတာလဲ ဒီလိုမဂ်လာနေ့မျိုးမှာ မငိုရဘူးလေ နင်အိမ်ထောင်ပြုတာနင့်မိဘနဲ့ဝေးသွားမှာမှမဟုတ်တာ နင်တို့လည်း ဒီမြို့ထဲမှာပဲနေမှာပဲဟာ
နင်ပျော်ပျော်ရွှင်ရွှင်နေပါ နင်ပျော်နေတာကပိုကြည့်ကောင်းတယ်”အဲ့လိုပြောတော့ ကျမက “နင်ငါ့ကို မမုန်းဘူးလား ငါနင့်ကို ငြင်းခဲ့တာလေ” ဆိုတော့ သူက
“နင့်ကိုငါအရင်လည်းမမုန်းခဲ့ဘူး အခုလည်းမမုန်းဘူး
နင့်ကိုငါပျော်စေချင်တာ နင့်မှာနင်လိုချင်တဲ့လမ်းကိုရွေးချယ်ပိုင်ခွင့်ရှိတယ်လေ
နင်ရွေးချယ်တဲ့လမ်းမှာနင်ပျော်တယ်ဆိုရင် ငါကျေနပ်ပါတယ်”တဲ့ အာ့သူကျမကိုနောက်ဆုံးပြောသွားတဲ့စကားပါပဲ
အဲ့စကားကိုကျမဒီနေ့အထိမေ့မရပါဘူး
၁၀နှစ်ရှိပြီး ကျမသူကိုမတွေ့တော့တာ သူ့မိဘတွေက
၇လခြားပီး ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်
နာရေးသတင်းမေးဖို့သူ့အိမ်ရောက်ဖြစ်တော့ သူ့ကိုပြန်တွေမိတော့ အရင်အကြောင်းတွေခေါင်းထဲပြန်ပေါ်လာခဲ့လို့ ဒီရင်ဖွင့်စာကိုရေးဖြစ်သွားတာပါ
ဒီလိုတွေရေးလို့ ကျမအိမ်ထောင်ရေး အဆင်မပြေလို့တော့မဟုတ်ပါဘူး
ကျမယောကျာ်း ကျမကိုအရမ်းချစ်ပါတယ် ကျမရဲ့အရင်ကအကြောင်းတွေ(အပေါ် က အကြောင်းတွေ)အားလုံးသိတယ်
ကျမယောက်ျားကျမကို ဘွဲ့ရတဲ့အထိကျောင်းထားပေးခဲ့တယ် ကျမကို ကိုယ်ပိုင်လုပ်ငန်းထောင်ပေးခဲ့တယ်
ကိုယ့်ခြေထောက်ပေါ်ရပ်တည်တတ်အောင်သင်ပေးခဲ့တယ် ယောခမဘက်က ဘယ်သူမှ ကျမကို အနိုင်မကျင့်ရဲအောင်ကာကွယ်ပေးတယ်
ကျမက အရင်အကြောင်းတွေပြန်တွေးမိနေတာက ကျမယောက်ျားအပေါ် မတရားရာကျနေတယ်လို့ ကျမ ခံစားမိတယ်
အဲ့တာကြောင့် အဲ့ကိစ္စကို ကျမခေါင်းထဲကထုတ်လိုက်ချင်လို့ ကျမ ဒီpage မှာလာရင်ဖွင့်တာပါ
စာရှည်သွားလို့တောင်းပန်ပါတယ်ရှင်
က်မရင္ဖြင့္ခ်င္လို႔ပါ
ဒီကိစၥကို က်မပတ္ဝန္းက်င္မွာရွိတဲ့ ဘယ္သူကိုမွ ရင္ဖြင့္လို႔အဆင္မေျပလို႔
ဒီမွာရွိတဲ့အမ/ညမ ေတြကိုရင္ဖြင့္လိုက္ရင္ နဲနဲ ေပါ့သြားမလားဆိုပီ ရင္လာဖြင့္တာပါ
က်မ အခုရက္ပိုင္း သူ႔အေၾကာင္းေတြ က်မေခါင္းထဲမွာရစ္ဝဲေနပါတယ္
သူဆိုတာ က်မဆယ္ေက်ာ္သက္တုန္းက က်မကိုႀကိဳက္ခဲ့သူ ပိုးပန္းခဲ့သူေပါ့
က်မလည္းအဲ့တုန္းကသူ႔ကို ရင္ခုန္ခဲ့မိပါတယ္
သူက က်မတို႔နဲ႔ေဆြမ်ိဳးေတာ္ဆပ္ပါတယ္
နဲနဲေတာ့ အမ်ိဳးေဝးတာေပါ့
အဲ့တုန္းကေတာ့ က်မတို႔အိမ္မွာဝင္ထြက္သြားလာရွိခဲ့ပါတယ္
သူက က်မကိုခ်စ္ေရးဆိုတဲ့အခ်ိန္မွာ က်မ၈တန္းေအာင္ပဲရွိပါေသးတယ္
၈တန္းဆိုေပမဲ့ က်မကေက်ာင္းေနာက္က်ခဲ့တဲ့အတြက္ အသက္အ႐ြယ္ကဆယ္တန္းအ႐ြယ္ပါ
က်မက ရင္ခုန္ခဲ့မိတယ္ဆိုေပမဲ့ က်မသူ႔ကို မေ႐ြးခ်ယ္ခဲ့ဘူးေလ
အဓိကအေၾကာင္းအရင္းက သူကဆင္းရဲလို႔ပါ
ဆင္းရဲတာအျပစ္မဟုတ္ေပမဲ့ သူကပညာေရးကိုသိပ္အေရးမစိုက္ စာမႀကိဳးစားတဲ့သူဆိုေတာ့ က်မသူ႔ကို မေ႐ြးခ်ယ္ရဲခဲ့ဘူး
ေနာက္တစ္ခ်က္က သူ႔မိဘေတြကအေတြးနိမ့္ပါတယ္
မိန္းကေလးဆိုတာ ေယာက်ာ္းယူ ကေလးေမြး မီးဖိုေခ်ာင္ဝင္ ဆိုတဲ့အေတြးမ်ိဳး
ပီးေတာ့ က်မမိဘလည္းသေဘာမတူတာလည္းပါတာေပါ့
အာ့ေၾကာင့္ က်မသူ႔ကို က်မလက္တြဲေဖာ္အျဖစ္မေ႐ြးခဲ့ဘူး
က်မကို ဆယ္တန္းေအာင္ ပီးေတာ့ ေနာက္တစ္ခါထပ္ပီး က်မဆီကအေျဖကိုေတာင္းခဲ့ေသးတယ္
က်မက ငါ့မိဘေတြသေဘာမတူလို႔ မိဘကိုဆန္႔က်င္ပီးနင့္ကိုမေ႐ြးခ်ယ္ႏိုင္ဘူး ငါ့မွာ တျခားလုပ္စရာေတြရွိေသးတယ္ဆိုပီး ထပ္ျငင္းခဲ့တယ္
ေနာက္ေတာ့သူက က်မထက္အရင္ အိမ္ေထာင္ျပဳသြားပါတယ္
သူ႔မိဘေတြကအတင္းယူခိုင္းလို႔ သူမခ်စ္တဲ့မိန္းကေလးတစ္ေယာက္ကိုယူလိုက္ရတယ္လို႔ တျခားေဆြမ်ိဳးေတြဆီက သိခဲ့ရတယ္ အဲ့အထိက်မ ဘာမွမခံစားခဲ့ရဘူး
က်မလက္ထပ္မဲ့ေန႔မွာ အေမနဲ႔က်မ ဝမ္းနည္းလို႔ငိုေနၾကတဲ့အခ်ိန္မွာ သူက်မကို
“နင္ဘာလို႔ငိုေနတာလဲ ဒီလိုမဂ္လာေန႔မ်ိဳးမွာ မငိုရဘူးေလ နင္အိမ္ေထာင္ျပဳတာနင့္မိဘနဲ႔ေဝးသြားမွာမွမဟုတ္တာ နင္တို႔လည္း ဒီၿမိဳ႕ထဲမွာပဲေနမွာပဲဟာ
နင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနပါ နင္ေပ်ာ္ေနတာကပိုၾကည့္ေကာင္းတယ္”အဲ့လိုေျပာေတာ့ က်မက “နင္ငါ့ကို မမုန္းဘူးလား ငါနင့္ကို ျငင္းခဲ့တာေလ” ဆိုေတာ့ သူက
“နင့္ကိုငါအရင္လည္းမမုန္းခဲ့ဘူး အခုလည္းမမုန္းဘူး
နင့္ကိုငါေပ်ာ္ေစခ်င္တာ နင့္မွာနင္လိုခ်င္တဲ့လမ္းကိုေ႐ြးခ်ယ္ပိုင္ခြင့္ရွိတယ္ေလ
နင္ေ႐ြးခ်ယ္တဲ့လမ္းမွာနင္ေပ်ာ္တယ္ဆိုရင္ ငါေက်နပ္ပါတယ္”တဲ့ အာ့သူက်မကိုေနာက္ဆုံးေျပာသြားတဲ့စကားပါပဲ
အဲ့စကားကိုက်မဒီေန႔အထိေမ့မရပါဘူး
၁၀ႏွစ္ရွိၿပီး က်မသူကိုမေတြ႕ေတာ့တာ သူ႔မိဘေတြက
၇လျခားပီး ေရွ႕ဆင့္ေနာက္ဆင့္ဆုံးသြားၾကတယ္
နာေရးသတင္းေမးဖို႔သူ႔အိမ္ေရာက္ျဖစ္ေတာ့ သူ႔ကိုျပန္ေတြမိေတာ့ အရင္အေၾကာင္းေတြေခါင္းထဲျပန္ေပၚလာခဲ့လို႔ ဒီရင္ဖြင့္စာကိုေရးျဖစ္သြားတာပါ
ဒီလိုေတြေရးလို႔ က်မအိမ္ေထာင္ေရး အဆင္မေျပလို႔ေတာ့မဟုတ္ပါဘူး
က်မေယာက်ာ္း က်မကိုအရမ္းခ်စ္ပါတယ္ က်မရဲ႕အရင္ကအေၾကာင္းေတြ(အေပၚ က အေၾကာင္းေတြ)အားလုံးသိတယ္
က်မေယာက္်ားက်မကို ဘြဲ႕ရတဲ့အထိေက်ာင္းထားေပးခဲ့တယ္ က်မကို ကိုယ္ပိုင္လုပ္ငန္းေထာင္ေပးခဲ့တယ္
ကိုယ့္ေျခေထာက္ေပၚရပ္တည္တတ္ေအာင္သင္ေပးခဲ့တယ္ ေယာခမဘက္က ဘယ္သူမွ က်မကို အႏိုင္မက်င့္ရဲေအာင္ကာကြယ္ေပးတယ္
က်မက အရင္အေၾကာင္းေတြျပန္ေတြးမိေနတာက က်မေယာက္်ားအေပၚ မတရားရာက်ေနတယ္လို႔ က်မ ခံစားမိတယ္
အဲ့တာေၾကာင့္ အဲ့ကိစၥကို က်မေခါင္းထဲကထုတ္လိုက္ခ်င္လို႔ က်မ ဒီpage မွာလာရင္ဖြင့္တာပါ
စာရွည္သြားလို႔ေတာင္းပန္ပါတယ္ရွင္