ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၇၇

ကျမ အသက်က၃၉ပါ ကျမက အိမ်ထောင်ကွဲသွားတာ ၁၀ နှစ်ရှိပါပီ

ကျမထက်၁၀နှစ်နီးပါးလောက်ငယ်တဲ့အမျိုးသားတစ်ယောက်နဲ့ပတ်သက်ခဲ့မိပါတယ်

ကျမတို့ပတ်သက်ကြတာ ၆နှစ်နီးပါးရှိပါပြီ

သူနဲ့က တနယ်ထဲသားတေပါ အိမ်မှာ၀င်ထွက်နေရင်း နီးစပ်ရာကနေပတ်သက်မိကြတာပါ

သူအလုပ်ထွက်ပြီးနယ်ပြန်လာတဲ့ချိန်ကပါ အလုပ်သစ်ရလို့ရနိကုန်ပြန်သွားရပေမင့်လဲကျမတို့ တစ်နှစ်ကိုသုံးခါလောက်တွေ့ဖြစ်ကြပါတယ်

ကုန်ကျမှုတေကိုလဲ ကျမဘက်ကပဲ အမြဲလိုလိုကုန်ကျခံရစမြဲပါ

သူ့ဘက်က ကုန်ကျမှုကလက်ချိုးရေလို့တောင်ရပါတယ်

သူက ကျမနဲ့ဆိုအပြောဘယ်တော့မှမချိုသာသလို အထက်စီးကပဲပြောဆိုဆက်ဆံပါတယ်

ကျမနဲ့သူ့ကို သူ့အိမ်က လက်မခံပါဘူး

အ့တွက်ကျမတို့ယူလို့လဲမဖစ်ပါဘူး ကျမကိုပြတ်ပေးဆိုတော့လဲ မပြတ်ပေးပါဘူး

သူဘာလုပ်မယ် ဘယ်သွားမယ်ဆိုတာ ကိုတော့ ဖုန်းဆက်ပြီးပြောပါတယ်

ဒါမဲ့ ကျမ သူ့ကိုပြတ်သားချင်နေပါပြီ ရင်ထဲမွန်းကျပ် နေလို့ရင်ဖွင့်တာပါ











