ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၀

ညီမရင်ဖွင့်ပရစေအစ်မ

ညီမအမျိုးသားနဲ့ 9တန်းနဲ့ကချစ်ကြိုက်ခဲ့ပါတယ် ညီမ သူတစ်ယောက်ထဲဘဲ ချစ်ကြိုက်ပြီးသူရှိတယ် ဆိုတဲ့စိတ်နဲ့ ဘယ်ယောက်ျားမှမကြိုက်ခဲ့ပါဘူး

သူကညီမအပြင်ရည်းစားတွေ အများကြီးရှိတယ် ညီမ သိတော့ပြသနာတက်တယ်

အဲကြောင့်ပျက်မယ်ပြောတိုင်း သူဘဲမရမကအမြဲ ဆက်သွယ်တယ်

ညီမလည်းဘွဲ့ရအလုပ်ရ သူလည်းနိုင်ငံခြားသွားတယ်

အဲရောက်လည်း ဆက်သွယ်မှုခက်ခဲနေတာတောင် မရရအောင်ဆက်သွယ်တယ်

အဲနောက်မှာ လိုင်းပေါ်ကအမျိုးသမီးနဲ့ တွေ့ကြိုက်ကြတယ် ကြားတယ်

ညီမသူနဲ့အဲကြောင့်ပြသနာအမြဲဖြစ်တယ် ညီမလည်းမပျက် သူ့လည်းမပျက်နဲ့ အဲလိုနေလာခဲ့တယ်

သူပြန်လာခံနီးမှာ ညီမအဆက်အသွယ်ဖြတ်လိုက်တယ်

မြန်မာနိုင်ငံပြန်လာတော့လည်း ညီမကိုဆက်သွယ် ချင်လို့သူငယ်ချင်းတွေနဲ့အမြဲ မေး ဖုန်းနံပါတ်တောင်းတယ်

ညီမမပေးနဲ့ပြောလို့ မပေးရဲကြဘူး ညီမကိုမရမကဆက်သွယ်လာပြီး မုန့်စားလို့ခေါ်ပြီးညီမကိုခိုးပြေးပြီလို့သူ့အိမ်ဖုန်းဆက်လိုက်ပြီတဲ့

ညီမမလိုက်နိုင်ဘူး လူကြားထဲပြသနာတွေဖြစ်ကြပြီး အဲကြောင့်သူ့နောက် ညီမလိုက်သွားလိုက်ပါတယ်

မင်္ဂလာဆောင် ကိုလည်းညီမဖြစ်ချင်သလို လုပ်ပေးပါတယ်သူ့မိဘတွေကလည်းသဘောတူတော့ကြ ဟိုမိန်းကလေးနဲ့လည်းယူမယ်ဘာညာလုပ်ထားတာပါတဲ့

အဲလိုတွေညီမမသိခဲ့ပါဘူး သူတို့ချစ်တာတော့သိခဲ့ပါတယ်

ညီမနဲ့ယူပြီးထိ သူတို့ဆက်သွယ်နေတယ် ညီမတို့ပြသနာဖြစ်တယ် သူမဟုတ်ဘူးဘဲ ပြောတယ်

2လကြော်လောက်သူနဲ့ပေါင်းပြီး နိုင်ငံခြားပြန်သွားတယ်

ညီမကသူ့မိဘတွေနဲ့အဆင်မပြေဘူး အဲကြောင့်ညီမအမျိုးတွေဆီမှ နေရင်း အလုပ်လုပ်တယ်

ယူပြီးထိစကားများတာတွေတော့ရှိတာပေါ့

ကိုယ်ယူထားတဲ့မိန်းမကို ဘာတာဝန်မှမကျေဘူး ညီမဆီပိုက်ဆန်တပြားမှမပေးဘူး

ရတယ် ညီမဂုဏတ်သိက္ခာကြောင့် ကိုယ့်အလုပ်ပိုက်ဆန်ရနေလို့ ညီမအဲသာဂရုမစိုက်ခဲ့ဘူး

ဟိုရောက်လည်းအဲကောင်မနဲ့ဆက်သွယ် ပိုက်ဆန်တွေပေးတယ်

သူ့k payနံပါတ်တောင် အဲကောင်မကိုပေးထားတယ် ညီမမိန်းမတစ်ယောက်အနေနဲ့ဘယ်လောက်ခံပြင်းမလဲရှင့်

အဲကောင်မနဲ့ 14.2.2023ရက်နေ့က မင်္ဂလာဆောင်တယ်တဲ့ ညီမကြားရတယ်

ညီမကိုမချစ်လို့အဲလိုလုပ်တာလား သူများသားသမီးယူပြီး ဘာတာဝန်မှမယူခဲ့ဘဲ

အဲလိုလုပ်သွားတာညီမတော့ သူ့ကို ဘယ်တော့မှမကျေနပ်ဘူး

ညီမတိုင်တန်းမှာပါသူ့ကို တလင်တမယားနဲ့ ညီမသူ့ကိုချစ်မိတာ ယူခဲ့မိတာ တော်တော်နောင်တရပါတယ်

ညီမစာရှည်သွားရင် တောင်းပန်ပါတယ်

ညီမရင္ဖြင့္ပရေစအစ္မ

ညီမအမ်ိဳးသားနဲ႔ 9တန္းနဲ႔ကခ်စ္ႀကိဳက္ခဲ့ပါတယ္ ညီမ သူတစ္ေယာက္ထဲဘဲ ခ်စ္ႀကိဳက္ၿပီးသူရွိတယ္ ဆိုတဲ့စိတ္နဲ႔ ဘယ္ေယာက္်ားမွမႀကိဳက္ခဲ့ပါဘူး

သူကညီမအျပင္ရည္းစားေတြ အမ်ားႀကီးရွိတယ္ ညီမ သိေတာ့ျပသနာတက္တယ္

အဲေၾကာင့္ပ်က္မယ္ေျပာတိုင္း သူဘဲမရမကအၿမဲ ဆက္သြယ္တယ္

ညီမလည္းဘြဲ႕ရအလုပ္ရ သူလည္းႏိုင္ငံျခားသြားတယ္

အဲေရာက္လည္း ဆက္သြယ္မႈခက္ခဲေနတာေတာင္ မရရေအာင္ဆက္သြယ္တယ္

အဲေနာက္မွာ လိုင္းေပၚကအမ်ိဳးသမီးနဲ႔ ေတြ႕ႀကိဳက္ၾကတယ္ ၾကားတယ္

ညီမသူနဲ႔အဲေၾကာင့္ျပသနာအၿမဲျဖစ္တယ္ ညီမလည္းမပ်က္ သူ႔လည္းမပ်က္နဲ႔ အဲလိုေနလာခဲ့တယ္

သူျပန္လာခံနီးမွာ ညီမအဆက္အသြယ္ျဖတ္လိုက္တယ္

ျမန္မာႏိုင္ငံျပန္လာေတာ့လည္း ညီမကိုဆက္သြယ္ ခ်င္လို႔သူငယ္ခ်င္းေတြနဲ႔အၿမဲ ေမး ဖုန္းနံပါတ္ေတာင္းတယ္

ညီမမေပးနဲ႔ေျပာလို႔ မေပးရဲၾကဘူး ညီမကိုမရမကဆက္သြယ္လာၿပီး မုန႔္စားလို႔ေခၚၿပီးညီမကိုခိုးေျပးၿပီလို႔သူ႔အိမ္ဖုန္းဆက္လိုက္ၿပီတဲ့

ညီမမလိုက္ႏိုင္ဘူး လူၾကားထဲျပသနာေတြျဖစ္ၾကၿပီး အဲေၾကာင့္သူ႔ေနာက္ ညီမလိုက္သြားလိုက္ပါတယ္

မဂၤလာေဆာင္ ကိုလည္းညီမျဖစ္ခ်င္သလို လုပ္ေပးပါတယ္သူ႔မိဘေတြကလည္းသေဘာတူေတာ့ၾက ဟိုမိန္းကေလးနဲ႔လည္းယူမယ္ဘာညာလုပ္ထားတာပါတဲ့

အဲလိုေတြညီမမသိခဲ့ပါဘူး သူတို႔ခ်စ္တာေတာ့သိခဲ့ပါတယ္

ညီမနဲ႔ယူၿပီးထိ သူတို႔ဆက္သြယ္ေနတယ္ ညီမတို႔ျပသနာျဖစ္တယ္ သူမဟုတ္ဘူးဘဲ ေျပာတယ္

2လေၾကာ္ေလာက္သူနဲ႔ေပါင္းၿပီး ႏိုင္ငံျခားျပန္သြားတယ္

ညီမကသူ႔မိဘေတြနဲ႔အဆင္မေျပဘူး အဲေၾကာင့္ညီမအမ်ိဳးေတြဆီမွ ေနရင္း အလုပ္လုပ္တယ္

ယူၿပီးထိစကားမ်ားတာေတြေတာ့ရွိတာေပါ့

ကိုယ္ယူထားတဲ့မိန္းမကို ဘာတာဝန္မွမေက်ဘူး ညီမဆီပိုက္ဆန္တျပားမွမေပးဘူး

ရတယ္ ညီမဂုဏတ္သိကၡာေၾကာင့္ ကိုယ့္အလုပ္ပိုက္ဆန္ရေနလို႔ ညီမအဲသာဂ႐ုမစိုက္ခဲ့ဘူး

ဟိုေရာက္လည္းအဲေကာင္မနဲ႔ဆက္သြယ္ ပိုက္ဆန္ေတြေပးတယ္

သူ႔k payနံပါတ္ေတာင္ အဲေကာင္မကိုေပးထားတယ္ ညီမမိန္းမတစ္ေယာက္အေနနဲ႔ဘယ္ေလာက္ခံျပင္းမလဲရွင့္

အဲေကာင္မနဲ႔ 14.2.2023ရက္ေန႔က မဂၤလာေဆာင္တယ္တဲ့ ညီမၾကားရတယ္

ညီမကိုမခ်စ္လို႔အဲလိုလုပ္တာလား သူမ်ားသားသမီးယူၿပီး ဘာတာဝန္မွမယူခဲ့ဘဲ

အဲလိုလုပ္သြားတာညီမေတာ့ သူ႔ကို ဘယ္ေတာ့မွမေက်နပ္ဘူး

ညီမတိုင္တန္းမွာပါသူ႔ကို တလင္တမယားနဲ႔ ညီမသူ႔ကိုခ်စ္မိတာ ယူခဲ့မိတာ ေတာ္ေတာ္ေနာင္တရပါတယ္

ညီမစာရွည္သြားရင္ ေတာင္းပန္ပါတယ္