ကျမအသက်က ၂၄နှစ်ပါ ကျမချစ်သူက ၂၈ပါ
ကျမတို့ နှစ်ယောက်အကြောင်းကို နှစ်ဖက်မိဘတွေသိပြီးသား လက်ခံပြီးသားပါ
ပြသနာကတော့ သူက စကားများလို့ ကျမကစိတ်ဆိုးပြီး လမ်းခွဲရအောင်ပြောရင်တောင် အပြုံမပျက်
ငါကယောကျ်ားလေး ငါ့အတွက် ကောင်မလေး မရှားဘူး ဆိုတဲ့ စကားကိုပဲ ပြန်ပြောပါတယ်
ပြောပါ များလာတော့ ဆွဲထားရတဲ့ ကျမလဲ ပင်ပန်းလာပြီ
အချိန်လဲမပေး သူဆက်သွယ်ချင်တဲ့အချိန်မှ ဆက်သွယ် တယ်
တခြားကောင်မလေးတွေကိုလဲ အကြောင်းအရင်းမရှိ ဖုန်းလိုက်ဆက်တယ်
ကျမအပေါင်းအသင်းတွေကောပါ သူအဲ့လိုဆက်လို့ အပေါင်းအသင်းတွေ က ကျမကိုပြန်ပြောတဲ့အခါ အရမ်းပဲမျက်နှာငယ်ရပါတယ်
သူ့ကို ကျမကပြောရင်လဲ မင်းက အဖြစ်ကိုသည်းတယ်တဲ့ ဆက်တော့ ဘာဖြစ်သွားလို့လဲ ငါ့ကိုလိုက်မချုပ်ချယ်နဲ့
တဲ့ ကျမဘက်က ဘာပြောပြော မကောင်းပဲမြင်နေတော့ အရမ်းစိတ်ညစ်ရပါတယ်
တကယ် အတည် ပြတ်ကြမယ် ဆိုရင်လဲ မိဘ မျက်နှာကရှိသေးတော့ ဘာဆက်လုပ်မှန်းမသိတော့လို့ပါ
ငါကယောက်ျားလေး ငါ့အတွက် ကောင်မလေး မရှားဘူး ဆိုတဲ့ စကားကိုပဲ ပြန်ပြောပါတယ်