အကုန်လုံးကို အကြံလေးတောင်းပါရစေရှင်
ကောင်လေးနဲ့တွဲလာတာ သုံးနှစ်ရှိပါပြီ သုံးနှစ်လုံးဘာမှမလုပ်ပဲ အိမ်မှာပဲ နေတာပါ
သူ့မှာဝင်ငွေမရှိလို့ တွေ့တိုင်းလည်း ကိုယ်ပဲအမြဲ အကုန်ခံ ပီးတွေ့ပါတယ်
ဆိုင်ကယ်ဝယ်မယ်ဆ်ိုရင်လည်း သူ့အိမ်က ဆယ်သိန်းထုတ်ပေးရင် ကိုယ်က လေးသိန်းလောက်ရှိသမျှ အကုန်ထုတ်ပေးပါတယ်
မိန်းမကိစ္စကလည်း လုံးဝကြီးကို စိတ်ချရတဲ့အထဲပါတဲ့ယောက်ျားမျိုးပါ
ဒါပေမယ့် toxic relationship လိုပဲ ခံစားရတယ်
ကိုယ့်ခံစားချက်ကို အလေးမထားဘူး ရန်ဖြစ်တိုင်း စက်ပိတ်ပစ်တယ် စာမပို့ဘူး
အဆက်သွယ် လုံးဝကို ဖြတ်ပစ်တဲ့လူစားမျိုးပါ အလုပ်လုပ်ဖို့ပြောရင်လည်း လခစားမလုပ်ချင်ဘူး
ငါကြံနေတယ် မင်းစောင့်နိုင်ရင်ယူမယ် မစောင့်နိုင်ရင်ထွက်သွားဆိုပြီး အမြဲလိုလို အပြောခံရပါတယ်
ခုသူကိုင်နေတဲ့ဖုန်းကအစ ကိုယ်ဝယ်ပေးထားတာပါ
သူ့အိမ်ကလည်း သိပ်ပြေလည်တဲ့အထဲ မပါပါဘူး ကိုယ်နဲ့တွဲနေတာ သူ့အိမ်ရော ကိုယ့်အိမ်ရော အကုန်တရားဝင်သိကြပါတယ်
သူ့အိမ်ပေါ်တောင် တက်နေလို့ရတဲ့အထိပါ တစ်ခါတစ်လေ မြို့တက်ရင် သူ့အိမ်မှာပဲနေတာပါ
တရားဝင်သာမယူရသေးတာ လင်မယားလိုဖြစ်နေတာပါ
သူနဲ့ရတဲ့ ခလေးကိုလည်း ဖျက်ချခဲ့ဖူးပါတယ် ဘောပွဲလည်း ငါးရာတစ်ထောင်လောက်ပဲလောင်းတယ်
လောင်းကစားလည်းအလွတ်ကြီးမဟုတ်ပါဘူး ဖြတ်ဖို့ပြောလည်း ငါဘဝပျက်အောင်လောင်းတာမဟုတ်ဘူး
အပျော်လုပ်တာဆိုပီး ကိုယ်က မပြတ်နိုင်လို့သာ လွှတ်ပေးထားတာ တကယ်မကြိုက်ပါဘူး
အရက်လည်းအပေါင်းအသင်းစုံရင်သောက်ပါတယ် ခုဖြစ်နေတာက ကိုယ့်ကို အလေးမထားတာ ဂရုမစိုက်တာ အမြဲလိုလို ငိုနေရတာ
သူကဘာမှမလုပ်ပဲ ငါ့ကိုစောင့်နိုင်ရင်ယူ မစောင့်နိုင်ရင် မယူဘူး ထွက်သွားလည်း ရတယ်
နေလည်းရတယ် အမြဲအက်လိုပဲ အကြိမ်ကြိမ် ကိုယ့်ဘက်ကပဲ မပြတ်သားနိုင်လို့ ခုချိန်ထိ ရှေ့ဆက်နေကြတာပါ
သူ့ကိုစောင့်နေသင့်သလား ရန်ဖြစ်တဲ့ညတိုင်းလည်း င်ိုပီး မအိပ်ချင်တော့ပါဘူး ဘာဆက်လုပ်သင့်လဲ အကြံလေးပေးကြပါဦး😔😔
ဆိုင်ကယ်ဝယ်မယ်ဆိုရင်လည်း သူ့အိမ်က ဆယ်သိန်းထုတ်ပေးရင် ကိုယ်က လေးသိန်းလောက်ရှိသမျှ အကုန်ထုတ်ပေးပါတယ်
သူ့ကိုစောင့်နေသင့်သလား ရန်ဖြစ်တဲ့ညတိုင်းလည်း ငိုပီး မအိပ်ချင်တော့ပါဘူး ဘာဆက်လုပ်သင့်လဲ အကြံလေးပေးကြပါဦး😔😔