ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၅

ကျမ ဒီ group ထဲကို ရင်ဖွင့်ချင်တာ အရမ်းးးကို ကြာခဲပါပီ။

အခုတော့ရင်ဖွင့်ရလို့ အလုံးကိသွားသလိုခံစားရပါတယ်☺️ ပြောမယ်ဆိုကျမက လက်ရှိ ကျမ‌ကောင်လေးနဲ့ တွဲလာတာ6yrsရှိပါပီ မကြာခင်မှာလည်း ယူမတော့မယ်လို့ စီစဉ်ထားပါတယ်

ဒီ ခြောက်နှစ်ကာလပတ်လုံးထဲ့မှာ ကျမဘက်က လွန်တာတွေလည်းရှိပါတယ်

ဘာလို့ဆို အ‌ခြေနေ ြခင်းကလည်းကွာပါတယ် ကျမက စီးပွားရေးနဲ့ပတ်သတ်ရင် အဆင်ပြေတယ် သူ့ဘက်ကတော့ မပြေလည်ဘူးပေါ့

ဒါမဲ့ ကျမတို့နှစ်ယောက်စတွဲတဲ့အချိန်ကစ 3yrsလောက်ထိကျမအိမ်က မသိခဲ့ပါဘူး 3နှစ်ကျော်ကျော်ကျ အိမ်ကလူတွေသိသွားရော

သူတို့ကလည် အ‌ခြေအနေချင်းကွာတော့ သဘောမတူဘူးပေါ့

ကျမလည်းအသိသိနဲ့ခုချိန်ထိယူဖို့အထိဖြစ်လာတယ် ဒီကြားထဲ RS သက်တမ်းတလျှောက်ကိုယ်ကပဲ ငွေကြေးနေရာမှာ အနစ်နာခံခဲ့ရတယ်၊

ကြားထဲမှာ သူနေမကောင်းခနခနဖြစ်ရင် ကိုယ်ကပဲ အမြင်မတော်တော့ ငွေရေးကြေးရေးကအစ ကြည့်ပေးရတယ်

ကိုယ်ကတော့တွေးတယ် တစိမ်းတောင်ပေးရတာပဲလို့ ၊ ဒါမဲ့ ငွေရေးကြေးရေးနဲ့ပတ်သတ်ရင် ကိုယ်ကပဲ အနစ်နာခံတာ များလာတော့ ဝဋ်ကြွေးများလို့ တခါတခါခံစားမိတယ် ၊

ကျမလေးတခါမှ သူများ‌တေပြောတဲ့ suprise ဆိုတာလည်းမရခဲ့ဖူးဘူး

Onlineမှာအထည်တွေ့လည်းကိုယ်က သူ့လှစေချင်တော့မနေိုင်ပဲ ဝယ်ပေးမိတယ် သူကတော့ မယူချင်ပါဘူး ကိုယ်က ကိုယ်နဲ့အပြင်သွားရင် တောက်ပစေချင်လို့ပေါ့ ၊

သူ့အလုပ်လုပ်ပါတယ် သူ့အလုပ်က တခါတလေငွေလိုလာတယ် လိုအပ်ရင် သူက ကျမဆီလာချေးတယ် ကျမက အမြဲတမ်းချေးလာရတော့ နိ ငါ့ကိုကြိုက်တာငွေမက်လို့မလားဆိုပီးတည့် (ဒဲ့)မေးလိုက်တယ်

အဲ့တော့သူက သူ့သိက္ခာမစော်ကားနဲ့တဲ့ ငွေက ငါရှိတာမဟုတ်ဘူး င့ါမိဘရှိတာ လို့ပြောလိုက်တယ် တခါတခါအပြင်သွားရင် သူက ၆နှစ်တာကာလပတ်လုံးမှာ ၄နှစ်လောက်က ကိုယ်ကပဲရှင်းနေရတော့ စိတ်ညစ်လာပီ

ဒါမဲ့ သူကတစ်ခုတော့ကောင်းတယ် တွဲလာတဲ့တစ်လျှောက်လုံး ဘယ်မိန်ခလေးကိုမှ မကြူဘူး ဖောက်ပြန်မှူဆိုတာလည်းမရှိဘူး မိန်ူခလေးကိစ္စတော့စိတ်ချရတယ် ကျမကို ချစ်တာတော့ အသက်နဲ့ရင်းးပီးခိစ်တာဆိုတော့လက်ခံပါတယ်

သူက ကျမနဲ့ပတ်သတ်ပီးမိဘတွေဆုံးရှုံးရတယ်လို့ပြောရမှာလား

ကျမနဲ့သူက တမြို့ထဲမှာပဲနေခဲ့ပီး အလုပ်လုပ်ကြပါတယ် ဇာတိတွေတော့ မတူကြဘူးပေါ့

ကျမသူနဲ့ Rs ဖြစ်ပီးအတော်ကြာမှာ၂၀၂၀က နယ်ပြန်ခဲ့တယ် သူလည်း USကိုသွားဖို့ဆိုပီး ဘီဇာ သွားလုပ်တယ်

အဲ့မှာမြို့မှာသွားတွေ့ရော တွေ့တဲ့အချိန်မှာ ကျမ အမတွေလည်းပါပါတယ် ပ့ါတဲ့အမကတော့သူနဲ့သဘောတူပါတယ်

တွေ့ပီးကြအပြန် ကျမလည်းအလုပ်လုပ်တဲ့နေရာပြန်ရောက်ရော သူကတော့နေခဲ့ရတာပေါ့

ဒီချိန်မှာကျမက နောက်ရည်းစားတစ်ယောက်ရချင်သလိုလိုပေါ့

ဒါမဲ့အာ့လူနဲ့တမြို့ထဲနေပီးဖုန်ူ‌ပြောရုံပါပဲ တစ်နေ့ သူသိသွားရော ကျမ အာ့တာလည်းဂရု မစိုက်ဘူး ဆက်ပြောဆက်သာယာနေတာပေါ့

ဒါမဲ့ သူကတော့ကျမအတွက်နဲ့ ဆေးသောက်ပီး thay ကြောင်းကြံခဲ့ပါတယ် သူကံကောင်းလို့မthayတာ

ဒါလည်းကျမ ဟိုဘက်ကို အဆက်သွယ်မပျက်ဖူး ဟိုဘက်ကို တကယ်ချစ်သလိုခံစားရပီး သူ့ကျ သနားသွား‌တာပေါ့

တချိန်ထဲမှာပဲ သူ့မိဘတွေ သူ့အတွက်နဲ့ ရှေ့ဆင့်နောက်ဆင့် အသက်ပေးခဲ့ရတယ်

ဒီချိန်မှာ သူ ရူးမတက်ခံစားခဲ့ရတယ် သူ့မိဘသာ ဆုံးရှုံးသွားတာ ကျမကို ဖုန်းပြောမပျက် အမြဲတမ်းကျမနဲ့ခုချိန်ထိ တရက်မှာ ဖုန်းမပြောရမနေနိုင်သူကြီးပေါ့

ကဲ သူ့အမတွေကလည်း ဒီကိစ္စက ကျမနနဲ့ပတ်ပီးြဖစ်တာဆိုတော့ သူ့ကိုဆုံးဖြတ်ချက်ချခိုင်းပီး

နိ သူ့ကိုရွေးမှာလား ငါတို့မောင်နှမတွေကိုရွေးမှာ‌လားပေါ့ သူကပြန်‌ဖြေတယ် နှစ်ဖက်စလုံးကိုမပျက်နိုင်ဘူး

ဒါမဲ့သူ့အမကရွေးချယ်ခိုင်းတယ် င့ါတို့ကိုရွေးရင် အမွေတွေနဲ့ မောင်နှမချစ်ချင်းတေရမယ်ငွေတွေရမယ်

(မိဘတေရှိတုန်းကတော့ သူလည်းပြေလည်ပါတယ်) သူကပြောတယ် ချစ်သူဖစ်တဲ့ ကျမလိုသစ္စာမရှိသူကိုရွေးချယ်ခဲ့ပါတယ်

အာ့တော့သူ့မှာ မိဘလည်းဆုံးရှုံး မောင်နှမတွေကလည်းအမွေပျက်သတင်းစာထဲထည့်ပေါ့

သု့မှာအားကိုးစာဆိုလို့ သူ့ရဲ့စိတ်ခနာကိုယ်နဲ့ ကျမပဲရှိတာပေါ့

သူက ခရစ်ဟာန်ပါ ကျမဆီလိုက်လာတော့ သူ ကျမအတွက်နဲ့ မွေးကတည်းက ကိုးကွယ်လာတဲ ဘုရားကို စွန့်ခွါပီး ဗုဒ္ဓထဲကိုအပီးဝင်လာတာပါပဲ

ဒါမဲသူက အခုချိန်ထိ ဘာပေးပါဘာပေးပါလို့တော့ မတောင်းဆိုပါဘူး ကျမဘက်က သူ့ကိုစွန့်ပစ်ရင်တောင် သူ့ဘက်က ရွေးချယ်စရာတစ်လမ်းပဲရှိတယ်တဲ့

သူအခုလက်ရှိမစားရက်မသောက်ရက်ပဲ အလုပ်လုပ်နေတာ ကျွန်မအတွက်ပဲလို့အမြဲပြောပါတယ်

ကိုယ့်အတွက်ဆိုရင် သူကပဲရှေ့ကမားမားမတါး်မတ်ရပ်ပေးတယ် ကိုယ်က လူ အရမ်းကြောက်တော့လေ

သူက ‌ငွေနဲ့ပတ်သတ် စေ့စေ့ဆပ်ဆပ်ရှိတယ် ကျမကတော့ငွေနဲ့မတည့်ဘူး ရှိရှိသလိုသုံးဆိုတော့ တစ်ယောက်တစ်ယောက်အံဝင်ဂွင်ကျ မြဖစ်ဘူးဖြစ်နေတယ်

သူကတော့ ကိုယ်နဲ့ ကိုယ့်မိသားစုနဲ့ပတ်သတ်ရင် အရာအားလို့ပေးဆပ်ဖို့အဆင်သင့်ပါပဲ

ဒါမဲ့ ကျမအသက်က ၂၇ ကောင်လေးအသက် ၂၄ပါအာ့လိုမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်လားလို့ဆိုတာပါ

စာကတော့ တော်ကိုရှည်သွားပီး စာစီစာရိုက်အံဝင်ဂွင်ကြမဖြစ်နေလည်း စိတ်ရှည်သီးခံပီးဝေဖန်သုံးသပ်ဆုံးြဖတ်ပေးပါအူးလို့ မေတ္တာရပ်ခံပါတယ် ရှင်




ဘာလို့ဆို အ‌ခြေနေ ခြင်းကလည်းကွာပါတယ် ကျမက စီးပွားရေးနဲ့ပတ်သတ်ရင် အဆင်ပြေတယ် သူ့ဘက်ကတော့ မပြေလည်ဘူးပေါ့






















ကဲ သူ့အမတွေကလည်း ဒီကိစ္စက ကျမနနဲ့ပတ်ပီးဖြစ်တာဆိုတော့ သူ့ကိုဆုံးဖြတ်ချက်ချခိုင်းပီး









ကိုယ့်အတွက်ဆိုရင် သူကပဲရှေ့ကမားမားမတါ်းမတ်ရပ်ပေးတယ် ကိုယ်က လူ အရမ်းကြောက်တော့လေ




စာကတော့ တော်ကိုရှည်သွားပီး စာစီစာရိုက်အံဝင်ဂွင်ကြမဖြစ်နေလည်း စိတ်ရှည်သီးခံပီးဝေဖန်သုံးသပ်ဆုံးဖြတ်ပေးပါအူးလို့ မေတ္တာရပ်ခံပါတယ် ရှင်