ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၆

‌ဝေခွဲရခက်နေလို့ အကြံပြုပေးကြပါအူံးရှင့်

ကျွန်မနဲ့ ကောင်လေးနဲ့က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြသူတွေပါ

ကောင်လေးက နိုင်ငံခြားမှာပါ ကြိုက်တာ 3နှစ်‌ေပြည့်တော့မှာပါ

ယူဖို့လည်း စဉ်းစားထားကြပါတယ်

အခု ပြသနာက ကျွန်မ အစ်မတွေက သူတို့နေတဲ့ မြို့ကို လာပြီး အလုပ်လုပ်စေချင်တာပါ

ကျွန်မက ဘွဲ့ရပြီးသားပါ အစ်မတွေနေတဲ့ မြို့ဘက်က လစာ ကောင်းတယ် အလုပ်လဲ ရမှာပါ

အစ်မတွေက ယောင်္ကျားမရသေးခင် အိမ်ကို လုပ်ကျွေးလိုက်အုံး ပြောပါတယ်

ကျွန်မက အခု ရန်ကုန်မှာပါ လစာ 3သိန်း နီးပါး ရပါတယ်

အိမ်ကို တစ်လ တစ်သိန်းခွဲ ထောက်ပံ့ပါတယ်

ကျွန်မ မောင်လေးနဲ့ ညီမလေးက ခုချိန် ကျောင်းဆက်မတက်ပဲ အလုပ် လိုက်လုပ် တော့ သူတို့နှစ်ယောက်က ပို လစာရပါတယ်

အဆင်လည်းပြေတယ် အငယ်တွေက လစာ အိမ်ကို ပိုထောက်ပံ့နေတော့ ဘွဲ့ရ ကျွန်မ လည်း ထောက်ပံ့ချင်တယ်

အစ်မတွေရှိတဲ့ ဘက်ကို လိုက်မယ်ဆိုတော့ ကောင်လေးက ဖြစ်နိုင်ရင် မလိုက်စေချင်ဘူး ပြောပါတယ်

ယောင်္ကျားလေးများတဲ့ဘက်မို့ စိတ်မချဘူး အခု အလုပ်က အေးဆေးတော့ နေရတယ် သက်သာတယ်

မိသားစုကြလည်း ကျောင်းထားခဲ့ရတော့ ပြန်ကျေးဇူးဆပ်ချင်တယ်

ကောင်လေးကလည်း မသွားစေချင်ဘူး ဘာလုပ်ရမလဲ မသိတော့လို့ပါ

ကောင်လေးကလည်း လတိုင်း ပိုက်ဆံပေးပါတယ်

စကြိုက်ကတည်းက ကိုယ့်အပေါ် အစစအရာရာ အတတ်နိုင်ဆုံးဖြည့်စည်းပေးသူပါ

ကျွန်မ တို့ နှစ်ယောက်အတွက်ဆိုပြီးစုတာတော့ရှိတယ်

ကောင်လေးက ဒီနှစ်ကုန်ရင်ပြန်လာမှာပါ ပြန်လာရင် နှစ်ယောက် ယူပြီးမှ သွားကြမယ် လို့ ပြောတာပါ

အငယ်နှစ်ယောက်ကကျောင်းမတက်ပဲ အလုပ်လုပ်နေရတော့လည်း တာ၀န်မကျေသလို ခံစားရပါတယ်

အိမ်က တအား သွားဖို့ ဖိအားတော့မပေးပါဘူး

အခုလည်း ခွဲနေရတော့အမေတို့က အစ်မတွေရှိတဲ့နေရာဆိုရင်တော့ ပိုစိတ်ချရတာပေါ့လို့ပြောပါတယ်

သွားသင့်လား မသွားပဲ ကောင်လေး ပြန်လာသည်ထိ စောင့်နေရလား အကြံပြုပေးကြပါအုံး



ကောင်လေးက နိုင်ငံခြားမှာပါ ကြိုက်တာ 3နှစ်‌ပြေည့်တော့မှာပါ



















