ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၇
ရင်ဖွင့်ချင်လို့ပါ
ကျမက အိမ်ထောင်သည်ပါ။
အရွယ်ရောက်ပြီးသားသမီး ၂ယောက်လည်းရှိပါတယ်။
ကျမ အမျိုးသားက ကောင်မလေးတယောက်နဲ့ ဖောက်ပြန်ခဲ့ပါတယ်။
ကျမမှာ ဓာတ်ပုံကော စာတွေကော ရှိပါတယ်။
တစ်ဖက်မိန်းကလေးက အိမ်ထောင်ရှိမှန်းသိလျက်နဲ့ ကပ်ခဲ့တာပါ။
ပထမတကြိမ်မိလို့ သတိပေးခဲ့ပြီးပါပြီ။သူ့ဘက်ကနောက်မဆုတ်ပဲရှေ့သို့ တိုးမြဲတိုးနေခဲ့ပါတယ်။
နောက်တော့သူ့ဘက်က မယားကြီးကို အနိုင်လိုချင်တယ်လို့တောင် လာပြောပါတယ်။
အခုတဖြေးဖြေးသူ့ဘက်က Chain ခြောက်စာတွေပို့လာခဲ့ပါတယ်။
သူ့ကို လင်ခိုးမှု့နဲ့ တိုင်လို့ရပါသလားရှင့်။
ဘာတွေလိုအပ်ပါသလည်း။ တဖက်မိန်းကလေးမှာ ကိုယ်ဝန်ရှိခဲ့ရင်(မသေချာပါ) ဘာတွေဆက်လုပ်ရမလည်း။
ဖြေကြားပေးပါ အစ်မတို့ ညီမတို့ရှင့်။
ရင်ဖွင့်ချင်လို့ပါ
ကျမက အိမ်ထောင်သည်ပါ။