ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၈

12.03.2023 The End

လွန်ခဲ့သော 9 နှစ် 2014က သူ့ကို ပထမဆုံးတွေ့တဲ့ချိန် ချောလိုက်တာဆိုပြီး ငေးကြည့်ခဲ့ရသူပေါ့

2ပတ်လောက်ကြာ ကျောင်းခနပိတ်တဲ့ချိန်တော့ သူငယ်ချင်းတွေ အိမ်လည်လာတဲ့ထဲ သူပါလာတော့ အရမ်းပျော်ခဲ့တယ်

နှုတ်ဆက်စကားတွေ ပြောနဲ့ ရင်းနှီးလာခဲ့တယ် ကျောင်းပြန်ဖွင့်တော့ သူစိတ်၀င်စားတဲ့ အကြောင်း သိခဲ့ရတယ် အဲချိန်မှာ ဘာသာမတူ ပညာအရည်ချင်းမစုံနဲ့ ရည်းစားမထားချင်တော့ ငြင်းတာပေါ့

3နှစ်ကြာတဲ့ထိ သူအရမ်းကြိုးစားခဲ့တယ် ကျမဆီကအဖြေရဖို့

အဲချိန်တွေက ကျမအတွက်တော့ ပျော်စရာကြီးပေါ့ ကိုယ့်ကို ကြိုက်တဲ့သူက အဖြေရအောင်လိုက်တဲ့ချိန်က ပျော်ဖို့ကောင်းခဲ့တယ်

ပထမနှစ် တတ်တဲ့ချိန် သူ့ကို ကျမ မစဉ်းစားနိုင်တော့ဘူး ဘာလို့ဆို 3နှစ်တောင် စောင့်ကြည့်ပြီးပြီလေ ဘာသာမတူလဲ မရတော့ဘူး အဖြေ‌ပြန်ပေးလိုက်တယ် အရမ်းတွေ ပျော်ဖို့ ကောင်းတာပေါ့

ရည်းစားဖြစ်ပြီး 4လ အ ကြာမှာ အပြင်မှာ တွေ့ကြတယ် first Date ကြည်နူးမှုတွေနဲ့ပေါ့

အဲချိန် သူဆယ်တန်း မအောင်သေးဘူး စာမေးပွဲဖြေပြီး ရွာမပြန်ခင် လာတွေ့တာပေါ့

သူက တောင်ပေါ်ဒေသက ချင်းကောင်းလေးပါ ကျောင်းပိတ်ချိန်ဆို ရွာပြန်ရပြီ ဝေးလံခေါင်ဖျား နေရာဆိုတော့ ဖုန်းလိုင်း မမိရှာဘူး

ဖုန်းပြောဖို့ အရမ်းဒုက္ခ ရောက်တယ် မရမက တစ်ပတ်တစ်ခါ တနဂ်နွေနေ့တိုင်းတောင်ပေါ်တက် ပြီး ဖုန်းဆက်တယ်

အဲချိန်ကဆို နေ့တိုင်းက တနဂ်နွေ ဖြစ်စေချင်ခဲ့တာ ခက်ခက်ခဲခဲ ချစ်ခဲ့ကြတယ်

သူဆယ်တန်းအောင်တော့ အပျော်ဆုံးက ကျမပေါ့ ကျမတို့အရင်လို မခွဲရတော့ဘူး တစ်ပတ်တစ်ခါ မမျှော်ရတော့ဘူးပေါ့

ဒီလိုနဲ့ သူတက္ကသိုလ် ရောက်လာတယ် မနက်တိုင်းမိုးလင်းတာနဲ့ အဆောင်ရှေ့မှာ သူရောက်လာပြီ မနက်စာ မုန့်ဟင်းခါး 200 တန် အတူစားကြတယ်

နေ့တိုင်း ကျောင်းအတူသွား အတူပြန်ကြတာပေါ့ ဟင်းတွေ ချက်စားကြတယ် အဆောင်က ယောက်ျားလေး ၀င်ခွင့်မရှိတော့ အပြင်မှာ အမြဲ အတူတူ စားကြတယ် ချစ်တော့လဲ မရှက်နိုင်ဘူး ကြည်နူးနေတာကို

ကျမကအစားစားရတာကို အရမ်းကြိုက်တဲ့သူ ပခုက္ကူမှာဘယ်ဆိုင်ဖွင့်ဖွင့် သူနဲ့ကျမ စားပြီးသားပဲ ဘယ်နေရာသွားသွား မိန်းကလေးတွေကြားထဲ ယောက်ျားလေး တစ်ယောက်ထဲဆိုရင်လဲ ကျမပါရင် သူလိုက်တာပဲ အပြင်သွားတိုင်း အိတ်လွယ်ပေးသူ

သူ့သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ဆိုင်ထိုင်လို့ ကိုယ်မပါလဲ ပြန်လာရင် ကိုယ့်အတွက် ပါဆယ်ပါလာပြီးသားပဲ ဘယ်ချိန်ဖြစ်ဖြစ် အဆင်သင့်ဖြစ်အောင် အမြဲအနားမှာ နေပေးခဲ့သူ

အဲချိန်ကတော့ ကျမတို့အတွဲက လူတိုင်းအားကျ ရတဲ့ အတွဲပေါ့ 1year က 3year ထိ အရမ်းပျော်ခဲ့ရတယ်

မှတ်မိသေးတယ် ကျောင်းပြီးမဲ့နှစ် ပြန်ခါနီးမှာ အဆောင်ရှေ့ yum yum စားရင်း ခွဲရတော့မှာမို့ သူအရမ်းငိုခဲ့တာတွေ(အပိုတွေပါဟယ်)

ကျောင်းပိတ်ပြီမို့ အိမ်ပြန်ချိန်အတူတူ ဆိုင်ကယ်နဲ့ ပြန်ခဲ့တာပေါ့ အခက်ခဲအမျိုးမျိုးနဲ့ ခွဲရတော့မို့ မခွဲချင်အချိန်တွေပေါ့ 🥹 (ငိုခဲ့မိတာ နောင်တရလိုက်တာ)

ကျောင်းပြီးတော့ ကျမက အလုပ်လုပ်ဖို့ YGN လာခဲ့တယ် သူကတော့ ရွာမှာပေါ့ အဆက်သွယ်က ရလိုက်မရလိုက် တစ်ခုခုဆို ဆက်သွယ်လို့ကမရ အရူးမလိုပေါ့

တနဂ်နွေနေ့ဆို ဖုန်းကို လက်ကမချနိုင် ဘယ်ချိန်လာမလဲ မျှော်နေခဲ့သူ🫠 သူမဆက်လာခဲ့ရင် ငိုပြီ 2ပတ်ကြာမှ ဆက်တဲ့ရက်ဆို သူ့ကို ငိုပြီး ကျမပြောပြီ လွမ်းတာကိုလေနော်

ကျောင်းပြန်ဖွင့်တဲ့ ချိန်ရောက်လာတော့ ကျမ အရမ်းပျော် ဖုန်းအမြဲတမ်းပြောလို့ရပြီလေနော် LDRS ကို စဖြတ်သန်းချိန်ပေါ့

အချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်လုပ် ဖုန်းဆက်ပြော VC ပြောနဲ့ ဝေးနေတော့ သ၀န်တို ရစ်ပေါ့

ဘွဲ့ယူရမဲ့ အချိန် ရောက်တော့ ကျမ Pku လာတော့ သူနဲ့ ပြန်‌တွေ့ခဲ့ရတယ်

မိဘတွေက အဝေးမှာ မလိုက်နိုင်လို့ သူနဲ့ ကျမသူငယ်ချင်းက မိဘနေရာ လိုက်ခဲ့ပေးကြတယ် မိဘမပါလို့ ၀မ်းနည်းနေပေမဲ့ သူတို့ကြောင့် ပျော်ရွှင်ခဲ့ရတယ်

YGN ပြန်‌တော့သူလိုက်ပို့ခဲ့တယ် အဒေါ်တွေနဲ့ သူ့ကို မိတ်ဆက်ပေးခဲ့တယ် YGNမှာ ရှောက်လည်ခဲ့ကြတာ‌ေပါ့

သူပြန်မဲ့ချိန် သူ့ကို ကားဂိတ်လိုက်ပို့တဲ့ချိန်က အပြင်မှာ နောက်ဆုံးလို့ တွေ့ရမဲ့ရက်လို့ မထင်ခဲ့ဘူး

pkuမှာ ကျောင်းတက်ရင်း ဒီလိုနဲ့ ကိုဗစ်ဖြစ်လို့ သူရွာပြန်ရတယ် ကိုဗစ်နဲ့ကိုစစ်နဲ့ ဆိုတော့ ဖုန်းလိုင်းမရ အဆက်သွယ်မရ အရူးမကြီး ဖစ်ရတာပေါ့

အဆက်သွယ်ရတဲ့ချိန် မှာ မခွဲနိုင်လို့ 2023 ကျရင် ယူကြမယ်ပေါ့ နိုင်ငံခြားသွားကြဖို့ အလုပ်လုပ်ဖို့ တိုင်ပင်ကြတာပေါ့

အဲလိုနဲ့ 5year ,6year Anniversary ရောက်လာခဲ့ပြီ သူ့အချိူးတွေ ပြောင်းလာခဲ့ပြီ အရင်က တစ်ပတ်တစ်ခါ ဆက်တဲ့ဖုန်းက 1လတစ်ခါ ၊ 3လ 1ခါ ၊ 5လ 1ခါ တွေ ဖြစ်လာပြီ သူနဲ့ အဆက်သွယ်ရဖို့ အမျိုးမျိူး ကြိုးစားတာပေါ့

သူ့အမကို ဆက်လိုက် သူ့ညီကို ဆက်လိုက် အရူးမ မီးဝိုင်းသလိုပါပဲ

ဒီလိုနဲ့ အဆက်သွယ်ပြန်ရတယ် YGN အလုပ်လာလုပ်ဖို့ ခေါ်တယ် အရင်လိုမဟုတ်တော့ဘူး အကြောင်းပြချက်မျိူးစုံနဲ့ ဖြစ်လာခဲ့ပြီ မလာခဲ့ဘူး၊

အနေဝေးတဲ့ 3နှစ်အကြာမှာ ကြားလိုက်ရပြီ သူ့ယောက်ဖက ဖုန်းဆက်လာတယ် သူ မိန်းမယူတော့မယ်တဲ့

11ရက်နေ့ မှာ ပြောလာတာ ဘ၀တစ်ခုလုံး အမှောင်ဖုံးလွှမ်းသလို ခံစားခဲ့ရတယ် သူ့နဲ့ကို မပြတ်သေးဘူးလေ သူအဲလို လုပ်မှာ မယုံနိုင်ဘူး မျည်ရည်တွေက ဒလဟောမရပ်နိုင်ဘူး နေ့စဉ်ရက်စက်ပေါ့ ၊

သူမပြောရဲလို့ ကိုယ့်ကို သူမပြောခဲ့ဘူး တစ်ပတ်အကြာမှာ သူဆက်လာတယ် သူ၀န်ခံချင်လို့ပါတဲ့ သူတကယ် မိန်းမယူတော့မယ်တဲ့

ကိုယ်မဟုတ်တဲ့ မိန်းမ တစ်ယောက်နဲ့ ယူမဲ့အကြောင်း 1လပိုင်း25 ရက်နေ့မှာ ပြောလာခဲ့တယ်

3 လ 18 ဆို 7year Anniရောက်တော့မယ်လေ

အခုဆို သူနဲ့ ကျမ သိခဲ့တာ 9 နှစ်ပြည့်ခဲ့ပြီ သူနဲ့ကျမထားခဲ့ရည်ရွယ်ချက်လေး 2023 မှ ယူမဲ့ ဆိုတဲ့ မဂ်လာပွဲလေးက 3လ 12 ရက်နေ့မှာ ကျမ မဟုတ်တဲ့ မိန်းကလေးနဲ့ သူလက်ထပ်တော့မယ်

ဘယ်လောက်ပဲ နှစ်တွေကြာအောင် တွဲတွဲ အချစ်စစ်မပေးခဲ့တော့ ကွဲတာပါပဲ

စိတ်ဒဏ်ရာကတော့ အချစ်စစ်မရှိဘူး ဖြစ်သွားခဲ့ပြီ 🥹

မဂ်လာဆောင် လက်ဖွဲ့လေးက သူပျော်ပါစေဆုတောင်းပေးပါတယ်

12.03.2023 ခံစားချက်တွေ အဆုံးသတ်တဲ့နေ့ သူဆိုတာ မရှိတော့တဲ့နေ့ပေါ့ ပျော်ပါစေ အရမ်းချစ်ခဲ့ရ‌သူရေ အခုတော့အရမ်းရွံရှာမုန်းတီးတဲ့သူဖြစ်နေရပြီ

12.03.2023 The End

လြန္ခဲ့ေသာ 9 ႏွစ္ 2014က သူ႔ကို ပထမဆုံးေတြ႕တဲ့ခ်ိန္ ေခ်ာလိုက္တာဆိုၿပီး ေငးၾကည့္ခဲ့ရသူေပါ့

2ပတ္ေလာက္ၾကာ ေက်ာင္းခနပိတ္တဲ့ခ်ိန္ေတာ့ သူငယ္ခ်င္းေတြ အိမ္လည္လာတဲ့ထဲ သူပါလာေတာ့ အရမ္းေပ်ာ္ခဲ့တယ္

ႏႈတ္ဆက္စကားေတြ ေျပာနဲ႔ ရင္းႏွီးလာခဲ့တယ္ ေက်ာင္းျပန္ဖြင့္ေတာ့ သူစိတ္၀င္စားတဲ့ အေၾကာင္း သိခဲ့ရတယ္ အဲခ်ိန္မွာ ဘာသာမတူ ပညာအရည္ခ်င္းမစုံနဲ႔ ရည္းစားမထားခ်င္ေတာ့ ျငင္းတာေပါ့

3ႏွစ္ၾကာတဲ့ထိ သူအရမ္းႀကိဳးစားခဲ့တယ္ က်မဆီကအေျဖရဖို႔

အဲခ်ိန္ေတြက က်မအတြက္ေတာ့ ေပ်ာ္စရာႀကီးေပါ့ ကိုယ့္ကို ႀကိဳက္တဲ့သူက အေျဖရေအာင္လိုက္တဲ့ခ်ိန္က ေပ်ာ္ဖို႔ေကာင္းခဲ့တယ္

ပထမႏွစ္ တတ္တဲ့ခ်ိန္ သူ႔ကို က်မ မစဥ္းစားႏိုင္ေတာ့ဘူး ဘာလို႔ဆို 3ႏွစ္ေတာင္ ေစာင့္ၾကည့္ၿပီးၿပီေလ ဘာသာမတူလဲ မရေတာ့ဘူး အေျဖ‌ျပန္ေပးလိုက္တယ္ အရမ္းေတြ ေပ်ာ္ဖို႔ ေကာင္းတာေပါ့

ရည္းစားျဖစ္ၿပီး 4လ အ ၾကာမွာ အျပင္မွာ ေတြ႕ၾကတယ္ first Date ၾကည္ႏူးမႈေတြနဲ႔ေပါ့

အဲခ်ိန္ သူဆယ္တန္း မေအာင္ေသးဘူး စာေမးပြဲေျဖၿပီး ႐ြာမျပန္ခင္ လာေတြ႕တာေပါ့

သူက ေတာင္ေပၚေဒသက ခ်င္းေကာင္းေလးပါ ေက်ာင္းပိတ္ခ်ိန္ဆို ႐ြာျပန္ရၿပီ ေဝးလံေခါင္ဖ်ား ေနရာဆိုေတာ့ ဖုန္းလိုင္း မမိရွာဘူး

ဖုန္းေျပာဖို႔ အရမ္းဒုကၡ ေရာက္တယ္ မရမက တစ္ပတ္တစ္ခါ တနဂ္ေႏြေန႔တိုင္းေတာင္ေပၚတက္ ၿပီး ဖုန္းဆက္တယ္

အဲခ်ိန္ကဆို ေန႔တိုင္းက တနဂ္ေႏြ ျဖစ္ေစခ်င္ခဲ့တာ ခက္ခက္ခဲခဲ ခ်စ္ခဲ့ၾကတယ္

သူဆယ္တန္းေအာင္ေတာ့ အေပ်ာ္ဆုံးက က်မေပါ့ က်မတို႔အရင္လို မခြဲရေတာ့ဘူး တစ္ပတ္တစ္ခါ မေမွ်ာ္ရေတာ့ဘူးေပါ့

ဒီလိုနဲ႔ သူတကၠသိုလ္ ေရာက္လာတယ္ မနက္တိုင္းမိုးလင္းတာနဲ႔ အေဆာင္ေရွ႕မွာ သူေရာက္လာၿပီ မနက္စာ မုန႔္ဟင္းခါး 200 တန္ အတူစားၾကတယ္

ေန႔တိုင္း ေက်ာင္းအတူသြား အတူျပန္ၾကတာေပါ့ ဟင္းေတြ ခ်က္စားၾကတယ္ အေဆာင္က ေယာက္်ားေလး ၀င္ခြင့္မရွိေတာ့ အျပင္မွာ အၿမဲ အတူတူ စားၾကတယ္ ခ်စ္ေတာ့လဲ မရွက္ႏိုင္ဘူး ၾကည္ႏူးေနတာကို

က်မကအစားစားရတာကို အရမ္းႀကိဳက္တဲ့သူ ပခုကၠဴမွာဘယ္ဆိုင္ဖြင့္ဖြင့္ သူနဲ႔က်မ စားၿပီးသားပဲ ဘယ္ေနရာသြားသြား မိန္းကေလးေတြၾကားထဲ ေယာက္်ားေလး တစ္ေယာက္ထဲဆိုရင္လဲ က်မပါရင္ သူလိုက္တာပဲ အျပင္သြားတိုင္း အိတ္လြယ္ေပးသူ

သူ႔သူငယ္ခ်င္းေတြနဲ႔ အဖြဲ႕လိုက္ဆိုင္ထိုင္လို႔ ကိုယ္မပါလဲ ျပန္လာရင္ ကိုယ့္အတြက္ ပါဆယ္ပါလာၿပီးသားပဲ ဘယ္ခ်ိန္ျဖစ္ျဖစ္ အဆင္သင့္ျဖစ္ေအာင္ အၿမဲအနားမွာ ေနေပးခဲ့သူ

အဲခ်ိန္ကေတာ့ က်မတို႔အတြဲက လူတိုင္းအားက် ရတဲ့ အတြဲေပါ့ 1year က 3year ထိ အရမ္းေပ်ာ္ခဲ့ရတယ္

မွတ္မိေသးတယ္ ေက်ာင္းၿပီးမဲ့ႏွစ္ ျပန္ခါနီးမွာ အေဆာင္ေရွ႕ yum yum စားရင္း ခြဲရေတာ့မွာမို႔ သူအရမ္းငိုခဲ့တာေတြ(အပိုေတြပါဟယ္)

ေက်ာင္းပိတ္ၿပီမို႔ အိမ္ျပန္ခ်ိန္အတူတူ ဆိုင္ကယ္နဲ႔ ျပန္ခဲ့တာေပါ့ အခက္ခဲအမ်ိဳးမ်ိဳးနဲ႔ ခြဲရေတာ့မို႔ မခြဲခ်င္အခ်ိန္ေတြေပါ့ 🥹 (ငိုခဲ့မိတာ ေနာင္တရလိုက္တာ)

ေက်ာင္းၿပီးေတာ့ က်မက အလုပ္လုပ္ဖို႔ YGN လာခဲ့တယ္ သူကေတာ့ ႐ြာမွာေပါ့ အဆက္သြယ္က ရလိုက္မရလိုက္ တစ္ခုခုဆို ဆက္သြယ္လို႔ကမရ အ႐ူးမလိုေပါ့

တနဂ္ေႏြေန႔ဆို ဖုန္းကို လက္ကမခ်ႏိုင္ ဘယ္ခ်ိန္လာမလဲ ေမွ်ာ္ေနခဲ့သူ🫠 သူမဆက္လာခဲ့ရင္ ငိုၿပီ 2ပတ္ၾကာမွ ဆက္တဲ့ရက္ဆို သူ႔ကို ငိုၿပီး က်မေျပာၿပီ လြမ္းတာကိုေလေနာ္

ေက်ာင္းျပန္ဖြင့္တဲ့ ခ်ိန္ေရာက္လာေတာ့ က်မ အရမ္းေပ်ာ္ ဖုန္းအၿမဲတမ္းေျပာလို႔ရၿပီေလေနာ္ LDRS ကို စျဖတ္သန္းခ်ိန္ေပါ့

အခ်ိန္တိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ ဘာလုပ္လုပ္ ဖုန္းဆက္ေျပာ VC ေျပာနဲ႔ ေဝးေနေတာ့ သ၀န္တို ရစ္ေပါ့

ဘြဲ႕ယူရမဲ့ အခ်ိန္ ေရာက္ေတာ့ က်မ Pku လာေတာ့ သူနဲ႔ ျပန္‌ေတြ႕ခဲ့ရတယ္

မိဘေတြက အေဝးမွာ မလိုက္ႏိုင္လို႔ သူနဲ႔ က်မသူငယ္ခ်င္းက မိဘေနရာ လိုက္ခဲ့ေပးၾကတယ္ မိဘမပါလို႔ ၀မ္းနည္းေနေပမဲ့ သူတို႔ေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရတယ္

YGN ျပန္‌ေတာ့သူလိုက္ပို႔ခဲ့တယ္ အေဒၚေတြနဲ႔ သူ႔ကို မိတ္ဆက္ေပးခဲ့တယ္ YGNမွာ ေရွာက္လည္ခဲ့ၾကတာ‌ေပါ့

သူျပန္မဲ့ခ်ိန္ သူ႔ကို ကားဂိတ္လိုက္ပို႔တဲ့ခ်ိန္က အျပင္မွာ ေနာက္ဆုံးလို႔ ေတြ႕ရမဲ့ရက္လို႔ မထင္ခဲ့ဘူး

pkuမွာ ေက်ာင္းတက္ရင္း ဒီလိုနဲ႔ ကိုဗစ္ျဖစ္လို႔ သူ႐ြာျပန္ရတယ္ ကိုဗစ္နဲ႔ကိုစစ္နဲ႔ ဆိုေတာ့ ဖုန္းလိုင္းမရ အဆက္သြယ္မရ အ႐ူးမႀကီး ဖစ္ရတာေပါ့

အဆက္သြယ္ရတဲ့ခ်ိန္ မွာ မခြဲႏိုင္လို႔ 2023 က်ရင္ ယူၾကမယ္ေပါ့ ႏိုင္ငံျခားသြားၾကဖို႔ အလုပ္လုပ္ဖို႔ တိုင္ပင္ၾကတာေပါ့

အဲလိုနဲ႔ 5year ,6year Anniversary ေရာက္လာခဲ့ၿပီ သူ႔အခ်ိဴးေတြ ေျပာင္းလာခဲ့ၿပီ အရင္က တစ္ပတ္တစ္ခါ ဆက္တဲ့ဖုန္းက 1လတစ္ခါ ၊ 3လ 1ခါ ၊ 5လ 1ခါ ေတြ ျဖစ္လာၿပီ သူနဲ႔ အဆက္သြယ္ရဖို႔ အမ်ိဳးမ်ိဴး ႀကိဳးစားတာေပါ့

သူ႔အမကို ဆက္လိုက္ သူ႔ညီကို ဆက္လိုက္ အ႐ူးမ မီးဝိုင္းသလိုပါပဲ

ဒီလိုနဲ႔ အဆက္သြယ္ျပန္ရတယ္ YGN အလုပ္လာလုပ္ဖို႔ ေခၚတယ္ အရင္လိုမဟုတ္ေတာ့ဘူး အေၾကာင္းျပခ်က္မ်ိဴးစုံနဲ႔ ျဖစ္လာခဲ့ၿပီ မလာခဲ့ဘူး၊

အေနေဝးတဲ့ 3ႏွစ္အၾကာမွာ ၾကားလိုက္ရၿပီ သူ႔ေယာက္ဖက ဖုန္းဆက္လာတယ္ သူ မိန္းမယူေတာ့မယ္တဲ့

11ရက္ေန႔ မွာ ေျပာလာတာ ဘ၀တစ္ခုလုံး အေမွာင္ဖုံးလႊမ္းသလို ခံစားခဲ့ရတယ္ သူ႔နဲ႔ကို မျပတ္ေသးဘူးေလ သူအဲလို လုပ္မွာ မယုံႏိုင္ဘူး မ်ည္ရည္ေတြက ဒလေဟာမရပ္ႏိုင္ဘူး ေန႔စဥ္ရက္စက္ေပါ့ ၊

သူမေျပာရဲလို႔ ကိုယ့္ကို သူမေျပာခဲ့ဘူး တစ္ပတ္အၾကာမွာ သူဆက္လာတယ္ သူ၀န္ခံခ်င္လို႔ပါတဲ့ သူတကယ္ မိန္းမယူေတာ့မယ္တဲ့

ကိုယ္မဟုတ္တဲ့ မိန္းမ တစ္ေယာက္နဲ႔ ယူမဲ့အေၾကာင္း 1လပိုင္း25 ရက္ေန႔မွာ ေျပာလာခဲ့တယ္

3 လ 18 ဆို 7year Anniေရာက္ေတာ့မယ္ေလ

အခုဆို သူနဲ႔ က်မ သိခဲ့တာ 9 ႏွစ္ျပည့္ခဲ့ၿပီ သူနဲ႔က်မထားခဲ့ရည္႐ြယ္ခ်က္ေလး 2023 မွ ယူမဲ့ ဆိုတဲ့ မဂ္လာပြဲေလးက 3လ 12 ရက္ေန႔မွာ က်မ မဟုတ္တဲ့ မိန္းကေလးနဲ႔ သူလက္ထပ္ေတာ့မယ္

ဘယ္ေလာက္ပဲ ႏွစ္ေတြၾကာေအာင္ တြဲတြဲ အခ်စ္စစ္မေပးခဲ့ေတာ့ ကြဲတာပါပဲ

စိတ္ဒဏ္ရာကေတာ့ အခ်စ္စစ္မရွိဘူး ျဖစ္သြားခဲ့ၿပီ 🥹

မဂ္လာေဆာင္ လက္ဖြဲ႕ေလးက သူေပ်ာ္ပါေစဆုေတာင္းေပးပါတယ္

12.03.2023 ခံစားခ်က္ေတြ အဆုံးသတ္တဲ့ေန႔ သူဆိုတာ မရွိေတာ့တဲ့ေန႔ေပါ့ ေပ်ာ္ပါေစ အရမ္းခ်စ္ခဲ့ရ‌သူေရ အခုေတာ့အရမ္း႐ြံရွာမုန္းတီးတဲ့သူျဖစ္ေနရၿပီ