ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၈၉

ခု အရမ်း မွန်းကြပ်နေရလို့ပါ😢

စိတ်တွေ တအားလဲ ရှုပ်နေရပါတယ်

ညီမကောင်လေးက သူ့မိသားစုကို အရမ်းငဲ့ရပါတယ်

သူနဲ့ ညီမ ကြိုက်တာ ၁နှစ် ကျော်ပါပြီ

သူ့မှာ မိဘတွေ မရှိတော့ပါဘူး

ကျန်တဲ့ ညီအကို မောင်နှမကလဲ သူအိမ်ထောင်နဲ့သူပါ

လူလွတ် သူ့ညီလေး တစ်ယောက်ပဲရှိတော့ပါတယ်

သူ့ညီအကိုမောင်နှမကလဲ တစ်ယောက်မှ မပြေလည်ကြပါဘူးရှင့်

ခုထိ သူ့ကိုပဲ အပူကပ်နေကြတာပါ

သူကပဲ ခေါက်ပံ့ပေးနေရတာ အိမ်ထောင်သည်တွေရော

သူ့ညီလေးကတော့ ဉာဏ်ရည်မမီတဲ့ ကလေးမို့ လစဥ်ဆေးဖ်ုး စားစရိတ်ပေးရပါတယ်

သူနဲ့ ညီမ ကြိုက်ထဲက စုဆောင်းထားတာလေးလဲ ခု သင်တန်းတက်တာနဲ့ တက်နေတဲ့ အချိန် သူ့ညီအကိုမောင်နှ

ထောက်ပံ့နေရတာနဲ့ ကုန်ပါပြီ

ကောင်လေးက ညီမက်ိုလဲ တော်တော်ချစ်ပါတယ်

သစ္စာလဲ ရှိပါတယ် ညီမလဲ သူက််ို တော်တော်ချစ်ပါတယ်

ကောင်လေးနဲ့ ညီမဆို အများကြီး ကွာခြားပါတယ် ပညာရေး စီးပွားရေး မိသားစ​ု အသ်ုင်းအဝိုင်းက ကအစပါ(ညီမ ဂုဏ်ဆာပြီးပြောတာ မဟုတ်ပါဘူး)

ကောင်လေးဘက်က ချို့တဲ့တာပါ

ဒါပေမယ့် စချစ်ခဲ့ထဲက ညီမ သူ့ဆီက ဘာမှ မမျှော်လင့်ပါဘူး မက်လဲ မမက်မောပါဘူး

ညီမ စိတ်ကူးထဲမှာက ညီမတို့နှစ်ယောက် မရှိလဲ အတူတူ ရှိလဲ အတူတူကြ်ုးစားကြမယ်ဆိုတဲ့ စိတ်ပဲ ရှိတာပါ

ခုက သူ့ညီအကိုမောင်နှမကို အရမ်းကြည့်တော့ ညီမနဲ့ သူနီးစပ်ဖို့ကလဲ ဘယ်တော့မှန်း မသိရပါဘူး

သူ့ညီ တစ်ယောက်ထဲ ထောက်ပံ့ရတယ်ဆို ညီမ အမြဲထောက်ပံ့နိုင်ပါတယ်

အိမ်ထောင်ကျပြီးတဲ့ ကျန်တဲ့ ညီအက်ုမောင်နှမတော့ သူဒီလောက်ထိ ထောက်ပံပေးနေတာ ညီမ မကြိုက်ပါဘူး

တခါတလေ အဆင်မပြေရင် ကူညီရမယ်ဆိုရင်တော့ ညီမ မပြောပါဘူး

ခုက လတိုင်း သူတို့ စားစရိတ်ပါ ပို့ပေးနေရတာ

ကောင်လေးက လစာ ၄သိန်း ၅သိနိးလောက်ပဲ ရတဲ့သူပါ

ညီမတို့အတွက် စုဖို့ဆိုတာ မလွယ်ကူပါဘူး

ကိုယ်တကယ် လက်ထပ်မယ့်သူဆိုတော့ ကိုယ့်အတွက်လေးလဲ စုဆောင်းစေချင်တာပေါ့ရှင့်

ဒါပေမယ့် ညီမမှာ ပြောမထွက်ဘူး သူပင်ပန်းနေမှာစိုးလို့ သူပဲ ရုန်းကန်နေရလို့

ညီမ ဘယ်လို သူ့က်ို ပြောပြသင်လဲရှင့်

ညီမ မိသားစုကတော့ ဖြတ်ခိုင်းနေပါတယ်

နောက်ပိုင်း ယူပြီးရင် ညီမတို့ဘဝ ရှေ့တိုးနိုင်မှာ မဟုတ်ဘူးတဲ့ တခြားသူ ပြန်ထောက်ပံ့နေရတာနဲ့

ညီမတို့ ယူမယ်ဆိုလဲ ကိုယ့်ဒူးကိုယ်ချွန်စရမဲ့ သူတွေပါ

သူ့က်ုလဲ ညီမ ပစ်မထားရက်ခဲ့ဘူးရှင့်

ဒီလို လစဥ် ယူပြီးတဲ့ အထိ ထောက်ပံ့နေရလဲ အဆင်မပြေနိုင်ဘူးရှင်

သူ့ဆီက လိုတိုင်းရနေတော့ သူ့မိသားစုက ပေါ့ပေါ့ရော့ရော့နေကြတာပါ သူ့ယောက်အစ လက်ကြောမတင်းပါဘူး

အလုပ်ကို အသက်က ၂၇ ဖြစ်နေပြီ ခုထိ မစု​ဆောင်းဖြစ်ကြတော့လဲ ညီမတို့နိးစပ်ဖို့က ဝေးရဦးမှာပါ

အကြံ ဉာဏ်လေး ပေးကြပါဦး ရှင်














ကောင်လေးက ညီမကိုလဲ တော်တော်ချစ်ပါတယ်

သစ္စာလဲ ရှိပါတယ် ညီမလဲ သူကို တော်တော်ချစ်ပါတယ်














ညီမ ဘယ်လို သူ့ကို ပြောပြသင်လဲရှင့်







