ညီမ ကောင်လေးတစ်ခါမှ မထားဖူးပါဘူး ကျောင်းတုန်းက သဘောကျခဲ့တဲ့သူတွေပဲရှိခဲ့တာပါ
တက္ကသိုလ်စရောက်တော့လဲ ရည်းစားမထားခဲ့ပါဘူး
အိမ်က သိမှာ ေြကာက်လို့ နောက်ဆုံးနှစ် စာမေးပွဲ ေြဖခါနီးမှာ ခုလက်ရှိကောင်လေးနဲ့ တွေ့ခဲ့တယ်
သူနဲ့က တစ်လမ်းထဲနေတာပါ သူကတော့ ညီမကို သိနေခဲ့ပေမယ့် ညီမကသူ့ကို မသိခဲ့ပါဘူး သူကဖုန်းနံပါတ်တောင်းပြီး ညီမဆီ ဆက်သွယ်ပြီး စကားတွေပြောလာခဲ့တယ်
တော်ရုံဆို ညီမက သူစိမ်းတွေ ပြန်ပြောလေ့မရှိပေမယ့် သူ့ကိုစကားပြန်ပြောမိတယ်
သူ့အကြောင်း အသိမောင်လေးတစ်ယောက်ဆီက စုံစမ်းလိုက်တော့ သူက ညီမမှန်းထားတဲ့ အချက်တွေနဲ့ကိုက်ညီခဲ့တယ်
အဲ့လိုနဲ့စကားပြောရင်း ခင်မင်ရင်းနှီးခဲ့တယ် သူနဲ့ online မှာ 2 နှစ်လောက် စကားတွေပြောခဲ့ပြီး ပထမဆုံးချိန်းတွေ့ကြတယ်
အားနည်းချက်တစ်ခုရှိပေမယ့် ညီမလက်ခံခဲ့ပါတယ် အပြင်ပိုင်းကို မကြည့်ခဲ့ပဲ သူ့ရဲ့အတွင်းစိတ်ကိုကြည့်ပြီး လက်ခံခဲ့တယ်
တစ်နှစ်အကြာ အလုပ်ရတော့ ဒုတိယအကြိမ် ချိန်းတွေ့ခဲ့ပါတယ် ဒုတိယအကြိမ်ချိန်းတွေ့ပြီးနောက်ပိုင်းမှာ အလုပ်ပို့ ြကို လုပ်ရင်း သူ့ကို ပိုချစ်မိလာတယ်ခုချိန်ထိချစ်ပါတယ်
ခုပြဿနာက ဘာလဲဆိုရင် အလုပ်မှာ ညီမကို ချစ်နေတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ် သူက ချစ်သူရှိမှန်းသိသိကြီးနဲ့ ညီမကို ချစ်တယ်ဆိုပြီး ပြောပါတယ်
ကောင်လေးက ကြည့်ကောင်းသလို ချောလဲချောပါတယ် ငယ်လဲငယ်တယ် အစကတော့ ညီမစိတ်မဝင်စားဘူး အလုပ်က ခရီး တစ်ခေါက် တူတူသွားလိုက်တာ ပိုပြီး ရင်းနှီးမှုရလာခဲ့တယ်
လက်ထိတာ ကအစသူရဲလာတယ် ညီမမှာ ငြင်းရခက်တယ်
အေြကာင်းရင်းက သူနဲ့အလုပ်တူတူ တွဲလုပ်ရတာဖြစ်တဲ့အတွက် သူ့ဘက်က မခေါ်မပြော အနေတည်သွားရင် ညီမနေရခက်တာပဲ
သူ့ကိုလိုက်ခေါ် လိုက်ချော့နေရတယ် အလုပ်မှာ သူနဲ့အဆင်ေြပဖို့လိုအပ်တယ် သူနဲ့ကင်းအောင်နေဖို့ဆို အလုပ်ထွက်မှပဲရလိမ့်မယ်
အလုပ်ကလဲ ခုချိန်မှာ ပြန်ရဖို့ မလွယ်တာေြကာင့် ရေလိုက်ငါးလိုက်သူနဲ့ဆက်ရှိနေတယ်
ညီမကောင်လေးမသိတာက သူနဲ့အပြင်တူတူသွားဖူးတာရယ် သူမူးနေတဲ့ချိန် ညီမပါးကို နမ်းလိုက်တာရယ် ကောင်လေးက မူးရင် အရမ်းရဲတယ် ညီမမှာ မငြင်းရက်နိုင်ဖြစ်နေရတယ်
သူနဲ့လဲ အဆင်ေြပချင်သလို ညီမကောင်လေးနဲ့လဲ ဆက်ရှိချင်သေးတယ်
ခုရင်လာဖွင့်ရတာလဲ ကောင်ေလးက အပြင်သွားတာ မကြိုက်ဘူး လာမယ့်ပိတ်ရက်မှာ ရုံးကလူတွေနဲ့ BARသွားချင်တယ်လို့ ညနေလာကြိုတုန်းကခွင့်တောင်းလိုက်တာ စိတ်ဆိုးပါတယ်
ညဘက် အိမ်ကို တစ်မှတ်တိုင်လောက် လမ်းလျှောက်ပြန်ရပါတယ်
သူ့ကားနဲ့လဲ နောက်က လိုက်မခေါ်ခဲ့ပါဘူး ပြန်လာတော့ ညီမငိုပြီး ဖုန်းဆက်ပါတယ်
သူလိုက်ရှာတယ် မတွေ့မိဘူးတဲ့ အဲ့တာဆို ဖုန်းဘာလို့မဆက်လဲမေးတော့ ခုအိမ်ရောက်ပြီမလားတဲ့
ညီမ စိတ်နာမိတယ် အပြစ်လုပ်ရင် ထားခဲ့မှာပဲတဲ့သူလွယ်လွယ်ပြောတယ်
ညီမတို့တွဲလာ4နှစ်ပြည့်တော့မယ် နောက်လူ ဘယ်လောက်ကောင်းကောင်း သူ့ကိုပဲ ချစ်နေတာ မုန်းမရသလို လမ်းခွဲဖို့ဆို အဝေးြကီးပဲ သူကတော့လွယ်လွယ်ပြောရက်တယ်
“အပြစ်လုပ်ထားရင်မင်းထင်တာထက် ပိုခေါင်းမာတယ်” တဲ့ သူကတစ်နေ့ ထားခဲ့မှာ သိသိကြီးနဲ့ ဘာဆက်လုပ်သင့်လဲ
တစ်ဖက်မှာလဲ ညီမကိုချစ်နေတဲ့သူရှိတယ် ညီမ ဘာဆက်လုပ်ရမလဲ မသိတော့လို့ပါ
ညီမ ေကာင္ေလးတစ္ခါမွ မထားဖူးပါဘူး ေက်ာင္းတုန္းက သေဘာက်ခဲ့တဲ့သူေတြပဲရွိခဲ့တာပါ
တကၠသိုလ္စေရာက္ေတာ့လဲ ရည္းစားမထားခဲ့ပါဘူး
အိမ္က သိမွာ ေၾကာက္လို႔ ေနာက္ဆုံးႏွစ္ စာေမးပြဲ ေျဖခါနီးမွာ ခုလက္ရွိေကာင္ေလးနဲ႔ ေတြ႕ခဲ့တယ္
သူနဲ႔က တစ္လမ္းထဲေနတာပါ သူကေတာ့ ညီမကို သိေနခဲ့ေပမယ့္ ညီမကသူ႔ကို မသိခဲ့ပါဘူး သူကဖုန္းနံပါတ္ေတာင္းၿပီး ညီမဆီ ဆက္သြယ္ၿပီး စကားေတြေျပာလာခဲ့တယ္
ေတာ္႐ုံဆို ညီမက သူစိမ္းေတြ ျပန္ေျပာေလ့မရွိေပမယ့္ သူ႔ကိုစကားျပန္ေျပာမိတယ္
သူ႔အေၾကာင္း အသိေမာင္ေလးတစ္ေယာက္ဆီက စုံစမ္းလိုက္ေတာ့ သူက ညီမမွန္းထားတဲ့ အခ်က္ေတြနဲ႔ကိုက္ညီခဲ့တယ္
အဲ့လိုနဲ႔စကားေျပာရင္း ခင္မင္ရင္းႏွီးခဲ့တယ္ သူနဲ႔ online မွာ 2 ႏွစ္ေလာက္ စကားေတြေျပာခဲ့ၿပီး ပထမဆုံးခ်ိန္းေတြ႕ၾကတယ္
အားနည္းခ်က္တစ္ခုရွိေပမယ့္ ညီမလက္ခံခဲ့ပါတယ္ အျပင္ပိုင္းကို မၾကည့္ခဲ့ပဲ သူ႔ရဲ႕အတြင္းစိတ္ကိုၾကည့္ၿပီး လက္ခံခဲ့တယ္
တစ္ႏွစ္အၾကာ အလုပ္ရေတာ့ ဒုတိယအႀကိမ္ ခ်ိန္းေတြ႕ခဲ့ပါတယ္ ဒုတိယအႀကိမ္ခ်ိန္းေတြ႕ၿပီးေနာက္ပိုင္းမွာ အလုပ္ပို႔ ႀကိဳ လုပ္ရင္း သူ႔ကို ပိုခ်စ္မိလာတယ္ခုခ်ိန္ထိခ်စ္ပါတယ္
ခုျပႆနာက ဘာလဲဆိုရင္ အလုပ္မွာ ညီမကို ခ်စ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ရွိပါတယ္ သူက ခ်စ္သူရွိမွန္းသိသိႀကီးနဲ႔ ညီမကို ခ်စ္တယ္ဆိုၿပီး ေျပာပါတယ္
ေကာင္ေလးက ၾကည့္ေကာင္းသလို ေခ်ာလဲေခ်ာပါတယ္ ငယ္လဲငယ္တယ္ အစကေတာ့ ညီမစိတ္မဝင္စားဘူး အလုပ္က ခရီး တစ္ေခါက္ တူတူသြားလိုက္တာ ပိုၿပီး ရင္းႏွီးမႈရလာခဲ့တယ္
လက္ထိတာ ကအစသူရဲလာတယ္ ညီမမွာ ျငင္းရခက္တယ္
အေၾကာင္းရင္းက သူနဲ႔အလုပ္တူတူ တြဲလုပ္ရတာျဖစ္တဲ့အတြက္ သူ႔ဘက္က မေခၚမေျပာ အေနတည္သြားရင္ ညီမေနရခက္တာပဲ
သူ႔ကိုလိုက္ေခၚ လိုက္ေခ်ာ့ေနရတယ္ အလုပ္မွာ သူနဲ႔အဆင္ေျပဖို႔လိုအပ္တယ္ သူနဲ႔ကင္းေအာင္ေနဖို႔ဆို အလုပ္ထြက္မွပဲရလိမ့္မယ္
အလုပ္ကလဲ ခုခ်ိန္မွာ ျပန္ရဖို႔ မလြယ္တာေၾကာင့္ ေရလိုက္ငါးလိုက္သူနဲ႔ဆက္ရွိေနတယ္
ညီမေကာင္ေလးမသိတာက သူနဲ႔အျပင္တူတူသြားဖူးတာရယ္ သူမူးေနတဲ့ခ်ိန္ ညီမပါးကို နမ္းလိုက္တာရယ္ ေကာင္ေလးက မူးရင္ အရမ္းရဲတယ္ ညီမမွာ မျငင္းရက္ႏိုင္ျဖစ္ေနရတယ္
သူနဲ႔လဲ အဆင္ေျပခ်င္သလို ညီမေကာင္ေလးနဲ႔လဲ ဆက္ရွိခ်င္ေသးတယ္
ခုရင္လာဖြင့္ရတာလဲ ေကာင္ေလးက အျပင္သြားတာ မႀကိဳက္ဘူး လာမယ့္ပိတ္ရက္မွာ ႐ုံးကလူေတြနဲ႔ BARသြားခ်င္တယ္လို႔ ညေနလာႀကိဳတုန္းကခြင့္ေတာင္းလိုက္တာ စိတ္ဆိုးပါတယ္
ညဘက္ အိမ္ကို တစ္မွတ္တိုင္ေလာက္ လမ္းေလွ်ာက္ျပန္ရပါတယ္
သူ႔ကားနဲ႔လဲ ေနာက္က လိုက္မေခၚခဲ့ပါဘူး ျပန္လာေတာ့ ညီမငိုၿပီး ဖုန္းဆက္ပါတယ္
သူလိုက္ရွာတယ္ မေတြ႕မိဘူးတဲ့ အဲ့တာဆို ဖုန္းဘာလို႔မဆက္လဲေမးေတာ့ ခုအိမ္ေရာက္ၿပီမလားတဲ့
ညီမ စိတ္နာမိတယ္ အျပစ္လုပ္ရင္ ထားခဲ့မွာပဲတဲ့သူလြယ္လြယ္ေျပာတယ္
ညီမတို႔တြဲလာ4ႏွစ္ျပည့္ေတာ့မယ္ ေနာက္လူ ဘယ္ေလာက္ေကာင္းေကာင္း သူ႔ကိုပဲ ခ်စ္ေနတာ မုန္းမရသလို လမ္းခြဲဖို႔ဆို အေဝးႀကီးပဲ သူကေတာ့လြယ္လြယ္ေျပာရက္တယ္
“အျပစ္လုပ္ထားရင္မင္းထင္တာထက္ ပိုေခါင္းမာတယ္” တဲ့ သူကတစ္ေန႔ ထားခဲ့မွာ သိသိႀကီးနဲ႔ ဘာဆက္လုပ္သင့္လဲ
တစ္ဖက္မွာလဲ ညီမကိုခ်စ္ေနတဲ့သူရွိတယ္ ညီမ ဘာဆက္လုပ္ရမလဲ မသိေတာ့လို႔ပါ