ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၉၂

ရင်ဖွင့်စာ အကူညီလိုချင်တယိရှင်

တခြားအရာတော့မဟုက်ပါဘူးကျမမိဘအိမ်ကိုပြန်ချင်တာပါ လမ်းစရိတ်လည်းရှိပါတယ်

မကွေးဆင်ကျွန်းကနေ စစ်ကိုင်း ရွေဘိုကိုပြန်ချင်တာပါ

လိုင်းပေါ်ကနေတစ်ယောက်အကြောင်းတစ်ယောက်မသိပဲ သူနဲ့ယူခဲ့မိတယ်

သူနဲ့ရတာ၃နှစ်ပြည့်တော့မယ် ခုဆိုခလေးလည်းရနေပါပီ

အဒီအချိန်အတွင်းမှာသူအလုပ်လည်းမလုပ်ခဲသလိုဘာဝင်ငွေမှလည်းရှာမကြွေးခဲ့ပါဘူး

ကျမတစ်ယောက်ထဲရဲ့လစာနဲ့ရပ်တည်ခဲ့တာပါဗိုက်ကြီးပြန်တော့သာအလုပ်မလုပ်ပါဘူး

ကျမဗိုက်လရင့်တဲ့အထိ စက်ရုံမှာလုပ်ခဲ့ရပါ်တယ်မွေးစရိတ်ကိုခြွေတာပီးစုခဲ့ပါတယ်

သူကတော့ကျမရဲ့မွေးစရိတ်ကိုဖုန်းဝယ်ကိုင်ခဲ့ပါတယ်

ရန်ဖြစ်တိုင်းလည်းလက်ပါတယ်ဗိုက်ကြီးနဲ့တုန်းကတောင်အ yite ခံရတယ်

အခုလည်းရန်ဖြစ်ရင်သူကအားအရင်သုံးတယ်ဒီနေဆိုရိုတ်တာ နားကနားဖူးလေးတောင်ကောက်သွားတယ်

အခုသူ့မိဘအိမ်မှာပါ သူမိဘတွေကလည်းသူကိုမနိုင်လို့ကျမအိမ်ပြန်ရင်သူ့သားကိုလိုက်သွားခိုင်းပါတယ်

သူကိုရှေ့ဆတ်ပီးမပေါင်းရဲတော့ဘူး အိမ်ပြန်ဖို့ကျတော့လည်းအခုမှရောက်ဖူးတဲ့နယ်မြေဆိုတော့ ဘယ်ကနေဘယ်လိုပြန်ရမလဲမသိဘူး

အိမ်ကမိဘကိုလည်းအဒီအကြောင်းတွေပြောမပြရဲဘူးအမေကသွေးတိုးဆီးချိုသမားဆိုတော့

အချိန်ပြည့်ဂိမ်းပဲဆော့နေတာ အလုပ်လုပ်ဖို့ပြောတိုင်းရန်ဖြစ်ရတယ်ရန်ဖြစ်တိုင်းလည်းအမြဲလက်ပါတယ်

အိမ်ထောင်စကျထဲက ကျမဘက်အမြဲလိုလိုသည်းခံပေါင်းခဲ့ပါတယ် သည်းမခံနိုင်တော့ဘူးရှင်

ရှာမကြွေးတဲ့အပြင်ရန်ဖြစ်တိုင်းလက်ကပါသေး ကျမကအကြီးပါ

သူက၂နှစ်ငယ်ပါတယ် ဒါပေမဲ့ဘယ်လိုစရိုက်တွေလည်းမသိပါဘူးရှင်

အဆဲအဆိုကလည်းကြမ်းလိုက်တာ

တစ်ယောက်အကြောင်းတစ်ယောက်မသိပဲယူခဲ့မိတော့ အရှက်တွေလည်းကွဲရတယ်

မီးတွင်းထဲမှာတောင် ကျမရဲ့အိမ်ကလိုရင်သုံးဖို့ပို့ထားတဲ့ပိုက်ဆံကိုခိုးပီး ဂျင်ဝိုင်းမှာသုံးလိုက်တယ် မျကိရည်မကျရတဲ့နေ့ကိုမရှိဘူး

သူ့အမှားတွေလုပ်ပေမဲ့လည်း ကျမကိုတခါမှမတောင်းပန်ဘူး

ကျမအိမ်ပြန်တာသူသိရင်သူလိုက်ခဲ့ရင် မိဘနဲ့အကိုတွေမောင်တွေကြားမှာ လိုက်ပီးကျမကိုဒုက္ခပေးအုံးမှာပဲ

အကြံညဏ်လေးပေးပါအုံးရှင်

ကျမကခလေးအမေလေ ခလေးအိပ်တဲ့အချိန်လေးလုအိပ်ရတာ ကျမကိုsx… ကိစ္စပြောရင်

ကျမလည်း တနေကုန်ခလေးဝေယာဝစ္စ ယောက်ခမအိမ်မှာနေရတာဆိုတော့

အိမ်မူကိစ္စထောင့်စေ့အောင်လုပ်ရတာကတစ်မျိုး ပင်ပန်းတဲ့နေ့တွေဆိုတာရှိတော့

ကျမမလိုက်လျောနိင်တဲ့နေ့တွေဆိုရင်လည်းလက်သီးနဲ့နားအုံတွေထိုးလည်ပင်းတွေညစ် ခုဆိုနားကပ်လေးပါကောက်သွားတယ်

သူ့ဆန္ဒကိုငြင်းလို့ခေါင်းကိုကိုင်ပီးလက်သီးနဲ့ထိုးတာ

မကွေးဆင်ဖြူကျွန်းကနေ စစ်ကိုင်းရွှေဘိုကိုပြန်လို့ရမဲ့ကားဂိတ် ကူညီပါလားရှင်

ရင္ဖြင့္စာ အကူညီလိုခ်င္တယိရွင္

တျခားအရာေတာ့မဟုက္ပါဘူးက်မမိဘအိမ္ကိုျပန္ခ်င္တာပါ လမ္းစရိတ္လည္းရွိပါတယ္

မေကြးဆင္ကြၽန္းကေန စစ္ကိုင္း ေ႐ြဘိုကိုျပန္ခ်င္တာပါ

လိုင္းေပၚကေနတစ္ေယာက္အေၾကာင္းတစ္ေယာက္မသိပဲ သူနဲ႔ယူခဲ့မိတယ္

သူနဲ႔ရတာ၃ႏွစ္ျပည့္ေတာ့မယ္ ခုဆိုခေလးလည္းရေနပါပီ

အဒီအခ်ိန္အတြင္းမွာသူအလုပ္လည္းမလုပ္ခဲသလိုဘာဝင္ေငြမွလည္းရွာမေႂကြးခဲ့ပါဘူး

က်မတစ္ေယာက္ထဲရဲ႕လစာနဲ႔ရပ္တည္ခဲ့တာပါဗိုက္ႀကီးျပန္ေတာ့သာအလုပ္မလုပ္ပါဘူး

က်မဗိုက္လရင့္တဲ့အထိ စက္႐ုံမွာလုပ္ခဲ့ရပၚတယ္ေမြးစရိတ္ကိုေႁခြတာပီးစုခဲ့ပါတယ္

သူကေတာ့က်မရဲ႕ေမြးစရိတ္ကိုဖုန္းဝယ္ကိုင္ခဲ့ပါတယ္

ရန္ျဖစ္တိုင္းလည္းလက္ပါတယ္ဗိုက္ႀကီးနဲ႔တုန္းကေတာင္အ yite ခံရတယ္

အခုလည္းရန္ျဖစ္ရင္သူကအားအရင္သုံးတယ္ဒီေနဆို႐ိုတ္တာ နားကနားဖူးေလးေတာင္ေကာက္သြားတယ္

အခုသူ႔မိဘအိမ္မွာပါ သူမိဘေတြကလည္းသူကိုမႏိုင္လို႔က်မအိမ္ျပန္ရင္သူ႔သားကိုလိုက္သြားခိုင္းပါတယ္

သူကိုေရွ႕ဆတ္ပီးမေပါင္းရဲေတာ့ဘူး အိမ္ျပန္ဖို႔က်ေတာ့လည္းအခုမွေရာက္ဖူးတဲ့နယ္ေျမဆိုေတာ့ ဘယ္ကေနဘယ္လိုျပန္ရမလဲမသိဘူး

အိမ္ကမိဘကိုလည္းအဒီအေၾကာင္းေတြေျပာမျပရဲဘူးအေမကေသြးတိုးဆီးခ်ိဳသမားဆိုေတာ့

အခ်ိန္ျပည့္ဂိမ္းပဲေဆာ့ေနတာ အလုပ္လုပ္ဖို႔ေျပာတိုင္းရန္ျဖစ္ရတယ္ရန္ျဖစ္တိုင္းလည္းအၿမဲလက္ပါတယ္

အိမ္ေထာင္စက်ထဲက က်မဘက္အၿမဲလိုလိုသည္းခံေပါင္းခဲ့ပါတယ္ သည္းမခံႏိုင္ေတာ့ဘူးရွင္

ရွာမေႂကြးတဲ့အျပင္ရန္ျဖစ္တိုင္းလက္ကပါေသး က်မကအႀကီးပါ

သူက၂ႏွစ္ငယ္ပါတယ္ ဒါေပမဲ့ဘယ္လိုစ႐ိုက္ေတြလည္းမသိပါဘူးရွင္

အဆဲအဆိုကလည္းၾကမ္းလိုက္တာ

တစ္ေယာက္အေၾကာင္းတစ္ေယာက္မသိပဲယူခဲ့မိေတာ့ အရွက္ေတြလည္းကြဲရတယ္

မီးတြင္းထဲမွာေတာင္ က်မရဲ႕အိမ္ကလိုရင္သုံးဖို႔ပို႔ထားတဲ့ပိုက္ဆံကိုခိုးပီး ဂ်င္ဝိုင္းမွာသုံးလိုက္တယ္ မ်ကိရည္မက်ရတဲ့ေန႔ကိုမရွိဘူး

သူ႔အမွားေတြလုပ္ေပမဲ့လည္း က်မကိုတခါမွမေတာင္းပန္ဘူး

က်မအိမ္ျပန္တာသူသိရင္သူလိုက္ခဲ့ရင္ မိဘနဲ႔အကိုေတြေမာင္ေတြၾကားမွာ လိုက္ပီးက်မကိုဒုကၡေပးအုံးမွာပဲ

အႀကံညဏ္ေလးေပးပါအုံးရွင္

က်မကခေလးအေမေလ ခေလးအိပ္တဲ့အခ်ိန္ေလးလုအိပ္ရတာ က်မကိုsx… ကိစၥေျပာရင္

က်မလည္း တေနကုန္ခေလးေဝယာဝစၥ ေယာက္ခမအိမ္မွာေနရတာဆိုေတာ့

အိမ္မူကိစၥေထာင့္ေစ့ေအာင္လုပ္ရတာကတစ္မ်ိဳး ပင္ပန္းတဲ့ေန႔ေတြဆိုတာရွိေတာ့

က်မမလိုက္ေလ်ာနိင္တဲ့ေန႔ေတြဆိုရင္လည္းလက္သီးနဲ႔နားအုံေတြထိုးလည္ပင္းေတြညစ္ ခုဆိုနားကပ္ေလးပါေကာက္သြားတယ္

သူ႔ဆႏၵကိုျငင္းလို႔ေခါင္းကိုကိုင္ပီးလက္သီးနဲ႔ထိုးတာ

မေကြးဆင္ျဖဴကြၽန္းကေန စစ္ကိုင္းေ႐ႊဘိုကိုျပန္လို႔ရမဲ့ကားဂိတ္ ကူညီပါလားရွင္