ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၉၄

မမတို့ရေ ကျေးဇူးပြုပြီးညီမလေးကိုအကြံဥာဏ်လေးပေးကြပါနော်

ဒီမှာတခါမှစာလဲမရေးဖူးသလို ရည်းစားလဲခုမှထားဖူးတာပါ

ချစ်သူတွေရဲ့ကြားမှာရှိထားရမဲ့အကြောင်းရင်းစည်းကမ်းချက်တွေလဲမသိပါဘူး

ခုသူနဲ့တွဲနေတာ၃လပဲရှိပါသေးတယ် သူကညီမရဲ့အဝတ်မပါတဲ့ပုံကိုအတင်းတောင်းနေလို့ပါ

ပြီးတော့အဲ့လိုမှမပေးရင်သု့ဘက်ကလမ်းခွဲမဲ့ပုံလို့ညီမထင်ပါတယ်

ညီမကခုမှရည်းစားထားဖူးတာကြောင့် ချစ်သူတွေကြားမှာဒါကအထူးစမ်းမဟုတ်ပဲရှိသင့်တဲ့အရာလားဟင်

ညီမမသိလို့ပါနော် ပြီးတော့ညီမသုကိုအရမ်းချစ်တယ်မမတို့ရယ်

လမ်းလဲမခွဲနိုင်ဘူးသူတောင်းတဲ့ပုံကိုလဲညီမပေးလိုက်ရမှာအရမ်းရှက်သလိုမလိုလားအပ်တဲ့အရှက်ကွဲစရာတွေရှိလာမှာလဲညီမကြောက်တယ်

လမ်းခွဲစရာမလိုပဲဖြေရှင်းလို့ရမဲ့အကြောင်းရာလေးများရှိရင်ကူညီပြီးအကြံဥာဏ်လေးပေးပေးပါနော်

ညီမသုကိုအရမ်းလဲချစ်သလိုသုဘက်ကလဲညီမကိုသိပ်ချစ်ပါတယ်

ညီမနဲ့ချစ်သူဖြစ်ပြီးကတည်းကညီမမကြိုက်တဲ့အချက်တွေကိုသူပြင်ပေးတယ်ပြီးတော့ညီမအိမ်ကသဘောမတူတာတောင် သဘောတူလာအောင်သူကြိုးစားပေးတယ်

ဒီအချက်တွေကြောင့်သူညီမကိုချစ်တယ်လို့သတ်မှတ်ထားတာပါ

ဒါပေမဲ့ ခုသူဒီလိုတောင်းဆိုလာလိမ့်မယ်လို့မထင်ထားဘူးမမတို့ရယ် လမ်းခွဲစရာမလိုပဲဖြေရှင်းလို့ရမဲ့နည်းများရှိရင်ကူညီပေးကြပါနော်

ခုမှရည်စားထားဖူးတာမို့ပါ ဒါမှမဟုတ်ခုလိုပုံတောင်းတာတွေကချစ်သူတွေကြားမှာရှိလေ့ရှိတဲ့အကြောင်းအရာလားဟင်ညီမမသိလို့ပါနော်

တစ်ခါမှလဲရင်မဖွင့်ဖူးတော့ စာသားတွေမှားသွားရင်ဖြည့်ဖတ်ပြီးနားလည်ပေးပါနော်














