ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၉၅

အကြံဉာဏ်တောင်းခံခြင်း

စာလေးအဆုံးထိဖတ်ပြီး ကူညီပေးကြပါအုံး

သူနဲ့ စတွေ့တဲ့ချိန် ၂၀၁၈ ဆယ်တန်းအောင်ပြီးခါစ

ဘာမှမသိမနားလည်တဲ့ချိန် onlineကပဲချစ်ကြိုက်ခဲ့ကြတယ်

သူနဲ့အပြင်မှာစတွေ့တော့ သူ့သူငယ်ချင်း၃ယောက်ပါလာတယ် သူအပါဆို၄ယောက်ပါ။

တစ်ယောက်ကမိန်းကလေးသူတို့အကုန်ရွယ်တူလောက်ပါပဲ ။

​​နယ်ကမတူတော့၅ လတစ်ကြိမ် ၆လတစ်ကြိမ်လောက်ပဲတွေ့ဖြစ်ကြတယ်။

ချစ်သူသက်တမ်းနှစ်ကျော်တော့သူ့အိမ်နဲ့မိတိဆက်ပေးမယ် သူ့အမဆိုတဲ့သူနဲ့ဖုနိးပေးပြောခဲ့ဖူးတယ်

အာ့အထိလည်းအကုန်အဆင်ပြေနေတုန်းပါပဲ ကိုယ့်လက်ထပ်မဲ့အကြောင်း ဘယ်နှနှစ်စောင့်ပါဆိုတဲ့အကြောင်း ပြောသွားတာ ညီမလည်းတကယ်ယုံခဲ့မိတယ်။

အမှန်တိုင်းပြောရရင် တကယ်ချစ်ခဲ့မိတာ ညီမရဲ့အချစ်ဦးဆိုလည်းဟုပါတယ် ။

တွေ့တိုင်းလည်း ကိုသူ့ဖုန်းကိုယ်စစ်ယ့်ဖုန်းသူစစ် ဘာသံသယဖြစ်စရာမှမတွေ့ခဲ့ဘူး။

ချစ်သူသက်တမ်း ၃နှစ်၇လ ကျော်လာတော့ စတွေ့တုန်းကပါလာတဲ့သူ့သူငယ်ချင်းက ဆက်သွယ်လာတယ်ပြောစရာရှိတယ်တဲ့

ဟုတ် ဘာကိစ္စလဲဆိုတော့ သူကအိမ်ထောင်သည် သူမှာ မိနိးမရော ကလေးတစ်ယောက်လုံးရှိတယ်တဲ့

အာ့စကားကြားလိုက်ရတော့လေ နားကြားများမှားတာလားပေါ့

အစ်ကို လာနောက်နေတာလားဆိုတော့ မဟုဘူး ဒါအမှန်တရားပဲတဲ့ အခုလိုလာပြောတယ်ဆိုတာက သူတို့နှစ်ယောက်ရန်ဖြစ်ထားလို့ မကျေနပ်လို့လာပြောတာ နင်တို့၂ယောက်မှားပီးပီမလား ငါတို့သိတယ် ဆိုပြီးဖုနိးချသွားတယ်

ဟုပါတယ် အာ့နှစ်တွေကြားထဲမှာs*xကိစ္စလိုက်လျောခဲ့ဖူးပါတယ်

ဒါကိုရော သူ့သူငယ်ချင်းကဘယ်လိုသိလဲ?

ပြီး သူ့သူငယ်ချင်းလာပြောတာတွေကအမှန်တွေလား?

သူ့ဖုန်းဆက်မေးတော့ စစချင်းတော့ ဇွတ်ငြင်းတယ် ပြီးဝန်ခံလာတယ်

ညီမ​ေလကမ္ဘာပျက်သလိုပဲ ညီမတကယ်စိတ်ရင်းနဲ့ချစ်ခဲ့တာတွေ ညီမရဲ့ငယ်ရွယ်မူအချိန်တွေ တီလိုလူလိမ် အတွက်ကုန်ဆုံးခဲ့တာပါလား

လုံးဝလက်မခံနိုင်အောင်ဖြစ်ခဲ့တယ်

မအိပ်နိုင်မစားနိုင်မျက်ရည်စက်လက်နဲ့ ၃ရက်လောက်အိမ်ခန်းပုန်းခဲ့ရတယ်

ငါသူများအိမ်ထောင်ရေးပြိုကွဲအောင်လုပ်ခဲ့မိပီလား မိန်းမသားချင်းမစာမနာ သူ့တစ်ပါးယောက်ကျားနဲ့ပက်သက်ခဲ့မိပီလားဆိုတဲ့အတွေးတွေဝင်လာ

တကယ်ပဲငါမကောင်းတဲ့မိန်းမဖြစ်သွားပြီလား ဆိုတဲ့အတွေးတွေ နေ့စဥ်နှင့်အမျှ နိုက်စက်ဒဏ်ခံစားနေခဲ့ရပြီးသူ့ တော်တော်ရွံပြီးမုန်းမိသွားတယ်။

ပြီးတော့ဖုန်းပေးပြောခဲ့တဲ့ သူ့အမဆိုတဲ့သူကရော အိမ်ထောင်သည်မှန်းသိသိနဲ့ဘာလို့ဖုန်းပြောခဲ့တာလဲ စဥ်းစားလို့မရဘူး။ ဘယ်လိုစိတ်တွေနဲ့လုပ်ခဲ့တာလဲ😔

သူ့သူငယ်ချင်းတွေကရော ညီမတို့ s*xကိစ္စအကြောင်းဘယ်လိုသိလဲ

ပြီးသူတို့ကရော အိမ်ထောင်သည်မှန်းသိရဲ့သားနဲ့ဘာလို့နှမချင်းမစာမနာမပြောပေးခဲ့ကြတာလဲ ။

ညီမကွယ်ရာမှာရော ညီမကိုဘယ်လောက်တောင်လှောင်ပြောင်ပြောဆိုနေလိုက်မလဲ။

ညီမကရော တီကြားထဲဘာလို့ မရိပ်မိရတာလဲ အတွေးပေါင်းစုံနဲ့ဖြတ်သန်းခဲ့ရတယ်

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်လိုက်တယ် လူတစ်ယောက်ကို အလွယ်ယုံမိတယ် သေချာမစုံစမ်းခဲ့လို့ ​ဖစ်ခဲ့ရတာ အရာအားလုံးအစအဆုံး ငါ့အမှားတွေကြီးပဲဆိုတဲ့ စိတိဒဏ်ရာနဲ့နေလာခဲ့တယ် ။

အိမ်ထောင်သည်မှန်းသိသိချင်းနေ့ကပဲ အဆက်သွယ်ဖြတ်ခဲ့တာပါ ။

အဆက်သွယ်ဖြတ်ပြီး၃လအကြာ သူငယ်ချင်းတစ်ယောက်ဆီ messagerကနေ video ရှိတယ် block ထားတာပြန်ဖြေမဟုရင်အကုန်ပတ်ပို့ပစ်မယ်ဆိုပြီး chain ခြောက်လာတယ်။

video ကတကယ်မရိုက်ခဲ့ပါဘူး လုံးဝပါ ။

video ကမရှိခဲ့ဖူးဘူး သူ့ကိုblockပေးပါ ဆိုပြီး သူငယ်ချင်းပြောလိုက်တယ်။

နောက်ထပ် ၃ရက်လောက်နေတော့ high schoolကျောင်းတုန်းက သူငယ်ချင်းအဆက်သွယ်မရတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေဆီက အဆက်သွယ်ရလာတယ်။

သူတို့ကိုအာ့လိုလာပြောနေတယ်ပေါ့ ညီမရှက်လဲရှက်တယ် ။

ဒါမဲ့ ဒီသူငယ်ချင်းတွေ ကိုယ့်နဲ့အဆက်သွယ်မရတာတာ အတော်ကြာပါပီ။

uniလဲမတူကြတော့ သူ့မိတ်ဆက်ပေးဖို့နေနေသာသာလေ သူကရောဘယ်လိုသိတာလဲ တစ်မြို့ တစ်နယ်ချင်းသားမို့ဆို သိတာနားလည်လို့ရသေးတယ်။

အခုက နယ်မတူတာကိုဘယ်လိုသိလဲပေါ့ စဥ်းစားလို့လဲမရဘူး ။

နောက်နေ့ကျတော့ သူငယ်ချင်းတစ်ယောက်ဆီ videoပို့လာပါတယ် ။

တကယ်မရိုက်ခဲ့တာပါ ဘယ်လိုလုပ်ပြီးတော့အာ့လိုတွေရှိနေလဲမသိတော့။

အာ့နဲ့messagerကနေ ဘာလို့အခုလိုလုပ်ရတာလဲ ညီမဘဝဖျက်စီးပီးပီပဲမလုံလောက်သေးဘူးလားဆိုတော့

သူတို့ကအခုထိုင်းမှာတဲ့ အဆက်သွယ်မပြတ်ခင်က ထိုင်းအလုပ်သွားလုပ်မယ်ဆိုပြီး ပြောဖူးတယ်

သူတို့လင်မယားနှစ်ယောက်လုံးထိုင်းမှာတဲ့ သူနဲ့အဆက်သွယ်ဖြတ်ဖို့မကြိုးစားနဲ့တဲ့ အဆက်သွယ်ဖြတ်ရင်ီထက်ဆိုးမယ် အခုသူပို့တာအစပဲရှိသေးတယ် ထပ်လုပ်အုံးမှာ စောင့်ကြည့်တဲ့။

ညီမလေ အိမ်ထောင်သည်ကိုပက်သက်မိလို့ ဝဠ်လည်တာလား

အရင်ဘဝက ဝဠ်ကြွေးလားမသိဘူး ဝဠ်ဆိုရင်တော့တီဘဝတင်အကြေဆပ်ချင်ပါတယ် ။

တီခံစားချက်ကြီးကလေ တော်တော်ခက်ခဲလွန်းတယ် ရင်ကွဲမတတ်ခံစားရတယ်

မအိပ်နိုင်မစားနိုင်နဲ့ ဒီကြားတဲ့ညီမစိတ်ဆင်းရဲလွန်းလို့ သည်းမခံနိုင်တာလဲဆေး၂ခါလောက်သောက်ခဲ့ဖူးပါတယ်

ဝဠ်ကမကြေသေးလို့ထင်ပါရဲ့ ဖြစ်ချင်တဲ့အတိုင်းသေတော့မသေခဲ့ဘူး😞။ ​

အခုလည်းအာ့စိတ်နဲ့ မလုပ်နိုင်မကိုင်နိုင် နေမကောင်းဖြစ်ပြီးအိပယာ်ထဲလဲနေတာ ၂ရက်ရှိပါပြီ။

စာရှည်ပြီးအမှားတွေပါခဲ့ရင် သည်းခံဖတ်ပေးဖို့တောင်းဆိုချင်ပါတယ်။

#ဘာဆက်လုပ်သင့့်လဲရှင့်😔

အကြံဉာဏ်လေးပေးကြပါအုံး🙏🏻🙏🏻🙏🏻🙏🏻🙏🏻





သူနဲ့အပြင်မှာစတွေ့တော့ သူ့သူငယ်ချင်း၃ယောက်ပါလာတယ် သူအပါဆို၎ယောက်ပါ။















ညီမ​လေကမ္ဘာပျက်သလိုပဲ ညီမတကယ်စိတ်ရင်းနဲ့ချစ်ခဲ့တာတွေ ညီမရဲ့ငယ်ရွယ်မူအချိန်တွေ တီလိုလူလိမ် အတွက်ကုန်ဆုံးခဲ့တာပါလား






























အခုလည်းအာ့စိတ်နဲ့ မလုပ်နိုင်မကိုင်နိုင် နေမကောင်းဖြစ်ပြီးအိပယ်ာထဲလဲနေတာ ၂ရက်ရှိပါပြီ။


#ဘာဆက်လုပ်သင့်လဲရှင့်😔
